Monday, 30 July 2018

ကိုကိုမသိဘူး 😔

ကိုကိုမသိဘူး...
ကိုကိုနဲ့အဆက်အသွယ်မရတဲ့အခါ ပူကျူးလေးရဲ့အချိန်တွေ ရပ်နေတတ်တာ😔

ကိုကိုမသိဘူး...
ကိုကို့ဖုန်းမျှော်နေရင်း ပူကျူးလေးအချိန်တွေ သေနေတတ်တာ😔

ကိုကိုမသိဘူး...
ကိုကိုဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတယ်ဆိုတဲ့အဖြေက ပူကျူးလေးကိုဘယ်လောက်ပူလောင်စေတယ်ဆိုတာ😔

ကိုကိုမသိဘူး...
ပူကျူးလေးဆိုတဲ့ ကလေးလေးက ကိုကို့ကိုချစ်တဲ့စိတ်နဲ့ အသက်ရှင်လှုပ်ရှားနေတယ်ဆိုတာ😔

ပူကျူးလေးတို့နှစ်ယောက်ရှေ့ရေးအတွက် ကိုကိုကြိုးစားနေတာသိပေမယ့်...
မြန်မြန်ပြန်လာပါတော့နော် မြန်မြန်ဖုန်းခေါ်ပါတော့...
ပူကျူးလေးမျှော်ရတာ မောလှပါပြီ...😭😭😭

Saturday, 28 July 2018

My Private Birthday Memo For Ko Ko🎁

🎁Ko Ko, walk with me when your heart needs company... 🎈  
🎁Talk to me when you feel alone ...🎈
🎁Trust me when your heart beats more...🎈
🎁Think of me whenever you need a true friend...🎈
🎁Since you have come into my life, it has been filled with romance and love...🎈
💕I love you more than anything in this world💕
💑You are my hero, my companion in the time of trouble. 🥊
💑The feeling of being in your arm is so precious and endless..Ko Ko♥️


♥️I love you so much, Bae....I love you, I really do♥️

Monday, 16 July 2018

ပူကျူးလေးနဲ့ တရေးနိုးစကားစမြည်

အခုလေးတင် ကိုကိုရဲ့ ကလေးလေး မိုးသည်းလို့ နိုးလာပါတယ်... အချိန်အားဖြင့် မနက် ၃ နာရီ ကျော်ကျော်ပေါ့... လန့်နိုးလာတော့ ကလေးလေးရဲ့ ထုံးစံအတိုင်း facetime ကနေ လှမ်းခေါ်ပါတယ်...

ပူကျူးလေးက ပြောတယ်...

"ကိုကို... ပူကျူး အိပ်မက်မက်နေတာ... ၇ ပြည်ထောင် မင်းတွေလေ... ပူကျူးကို လိုချင်လို့တဲ့ လုမလို့တဲ့..."

အဲလို နဲ့ စကားပြောရင်း ချောင်းဆိုးလာပါတယ်... နေ့စဉ်ရက်ဆက်ဆိုသလို ပင်ပန်းနေတော့ ကိုကို့ ဘေဘီလေး ဖျားချင်နေပြီလေ... အိပ်ကလည်း အိပ်ချင် ချောင်းကလည်းဆိုးဆိုတော့ တဖြည်းဖြည်း သူကလေး စိတ်တိုလာပါရော... ဒီတော့ စိတ်ပြေသွားအောင် ကျွန်တော်က ဒီလိုလေး ပြောလိုက်တယ်...

"ချောင်းဆိုးတာ အိပ်မက်ကြောင့် ကလေးလေးရဲ့..."

"ဟမ်... ဘာလို့လဲ?"

"ဟုတ်တယ်လေ... ၇ ပြည်ထောင် မင်းတွေ ပူကျူးလေးရဲ့ အိပ်မက်ထဲ စစ်ဖြစ်တော့ မီးတွေယမ်းတွေသုံးတာကိုး... မီးခိုးတွေနဲ့ အဆုတ်ထဲမှာ ပြည့်တော့ ချောင်းဆိုးလာတာပေါ့"

"ဟာ... စစ်မဖြစ်သေးဘူး... အခုမှ တိုင်ပင်တုန်း... အစည်းအဝေး လုပ်တုန်း ရှိသေးတာ ကိုကိုရဲ့..."

အိပ်ချင်မူးတူးဖြစ်နေတဲ့ ကလေးလေးကို ကျွန်တော် စချင်လာပါတယ်... အဲဒါနဲ့

"သြော်... အဲလိုလား... ဒါဆို အစည်းအဝေး လုပ်တော့ ဘယ်မှာ လုပ်တာလဲ?" 🤫

"ခန်းမထဲမှာ..." 😇

"ဒါဆို... သဘာပတိက ဘယ်သူလဲ?" 😊

"ဒေါက်တာ နီနီဦး..." 😝

"MC ကရော...?"

"MC မပါဘူး..."

"အစည်းအဝေး လုပ်တာကွယ်... MC မပါဘူးလား"

"ဟုတ်တယ်... ပူကျူးကို သူတို့ ကြိုမပြောကြဘူးလေ..."

"tea break ကော ပေးသေးလား? " ☕️

"မပေးဘူး..." 😂

❤️❤️❤️😘😘😘

အဲလိုလေးပြောရင်း ချောင်းဆိုးလာလို့ ဆက်မမေးဖြစ်တော့ပါဘူး... အဲဒီနောက်တော့ တဖြည်းဖြည်းနဲ့သူကလေး ပြန်အိပ်ပျော်သွားပါတယ်... မနက်ကျမှ ဒီစာလေးပြရင်း မေးကြည့်ရပါဦးမယ်... ညက ပြောထားတာတွေ မှတ်မိရဲ့လားလို့... 😄


PS. အိပ်ချင်မူးတူးလေးနဲ့ ကျွန်တော်မေးနေတာတွေကို ပြန်ဖြေနေတဲ့ ကိုကို့ရဲ့ ဘေဘီပူကျူးလေးကို အရမ်းချစ်လို့ အမှတ်တရ အနေနဲ့ ဒီနေ့ ဒီစာကို ချက်ချင်း ရေးပါတယ်... 😘

Saturday, 7 July 2018

ခိုင်မြဲသော တွဲလက်တွေ ဖြစ်ရအောင်

ကလေးလေးကို အရမ်းချစ်တယ်ကွယ်... ❤️

ဘယ်နိုင်ငံက ဘယ်ဘာသာ စကားကမှ
ကိုကို့ ရင်ထဲက ကလေးလေးအတွက် အချစ်တွေကို
ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ဘူး... 😇

ဘယ်အကြောင်းကြောင့် ဖြစ်ဖြစ်... ဘယ်သူ့ကြောင့် ဖြစ်ဖြစ်...
လက်တွဲမဖြုတ်ဘဲ တူတူ ရင်ဆိုင်ကြမယ်နော်...
ဘယ်တော့မှ ဆုပ်ကိုင်ထားတဲ့ လက်တွေကို မလွှတ်ကြေး... 🤝