မနေ့က ပူကျူးလေးရေးတဲ့ စာလေး ဖတ်မိတော့ ရင်ထဲ မကောင်းလိုက်တာ... 😓😓😓
ကိုကို့အပေါ် တွယ်တာမှုတွေနဲ့ ချစ်တဲ့ ပူကျူးလေးရဲ့ စိတ်ကို ကိုကို သိတာပေါ့ကွယ်...
ကိုကိုလည်း ထပ်တူ မြတ်နိုး တွယ်တာရတာပါပဲ... မအားလပ်တာ၊ လုပ်ငန်းခွင်ထဲရောက်နေတာတွေကြောင့် ခါတိုင်းလို ပူကျူးလေး ခေါ်တိုင်း ကိုကို စကားမပြောပေးနိုင်တော့ စိတ်တွေပိုပင်ပန်းရပါတယ်...
ကိုကိုတို့ ၂ ယောက်ရဲ့ ရှေ့ရေးအတွက်မလို့ ခနတော့ သည်းခံပြီး လွမ်းကြရဦးမှာပေါ့ ကလေးလေးရယ်..
ပူကျူးလေး တွေးရမှာက ပူကျူးလေးရဲ့ ကိုကိုဟာ လူကသာ အလုပ်တွေလုပ် မအားမလပ်ဖြစ်နေပေမယ့် စိတ်က အမြဲ ကလေးလေးနားမှာဆိုတာပဲ... ပူကျူးလေးကို အရာအားလုံးထက် ပိုချစ်၊ ပိုတန်ဖိုးထားတယ်ဆိုတာလေး သိထားပေးပါကွယ်... နော်... 😘😘😘❤️❤️❤️
Love you so much bae!
Friday, 17 August 2018
Thursday, 16 August 2018
♥️ချစ်သဝဏ်လွှာ♥️
သို့
အရမ်းချစ်ရပါသောကိုကို
ပူကျူးလေး သတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ်... ဒီနေ့က ကိုကိုရဲ့ ပထမဆုံးအလုပ်ဝင်တဲ့ရက်လေး ဆိုတော့ အရင်ဆုံး ဂုဏ်ပြုစကားလေးပြောမယ်နော်...ကိုကိုရေ Congratulations ပါ... အစစအရာရာအဆင်ပြေပါစေ... အလုပ်မှာပင်ပမ်းစရာကြုံလည်းအားတင်းထားပါနော်... ကိုကိုနဲ့ ကလေးလေးရဲ့ ဘဝရှေ့ရေးကိုတွေးပြီး အားတင်းထားပါ...I am very proud of you, Bae♥️
ကဲ စာလေးဆက်ရအောင်... ကိုကို ပူကျူးလေးအခုဘယ်မှာလဲသိလား... ထမင်းစားခန်းထဲမှာ...အမြဲတမ်း ကိုကို့ကို ဂျီကျပြီး ကိုကို့မျက်နှာမြင်မှ ထမင်းစားမယ်ဆိုတဲ့ ပူကျူးလေးက တစ်ယောက်ထဲ စားဖြစ်နေပြီလေ...စိတ်မပူနေပါနဲ့နော် ကလေးလေး ကောင်းကောင်းစားနေပါတယ်... ဟင်းတွေကလည်းစုံလို့... ငါးဥကြော်... ကြက်ခြောက်စပ်...ကိုကိုအရမ်းစားချင်တဲ့ ရှုပ်ခရုဟင်းချိုလေးရယ် ငါးပိရည် တို့စရာရယ်... ကြည့် ဘယ်လောက်ကောင်းလိုက်လဲ...စားပြီးရင် ရေချိုးထားမယ် သနပ်ခါးလေးပါလိမ်းထားမယ်...အဲ့ဒါမှ ကိုကိုပြန်လာတဲ့အချိန်ဖုန်းခေါ်ရင် အမောပြေမှာ...♥️
ကိုကိုရေ... ကိုကို့ကလေးလေးကလေ ကိုကို့ကိုချစ်တဲ့စိတ်နဲ့စား ချစ်တဲ့စိတ်နဲ့ နေနေတာပါ...ကိုကိုအလုပ်တွေပင်ပမ်းတဲ့အခါ မှတ်ထားရမှာက ကိုကိုတစ်ယောက်ထဲပင်ပမ်းနေတာမဟုတ်ဘူး... ပူကျူးလေးလဲ ကိုကို့ကိုလွမ်းတဲ့စိတ်နဲ့ပင်ပမ်းနေပါတယ်... လို့ ♥️
ကိုကို့ရဲ့ အသည်းတုန် အူတုန် ပူတူးတူး ပူကျူး ကလေးလေး... 😝💕♥️

Wednesday, 8 August 2018
Subscribe to:
Posts (Atom)