သို့
အရမ်းချစ်ရပါသောကိုကို
ပူကျူးလေး သတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ်... ဒီနေ့က ကိုကိုရဲ့ ပထမဆုံးအလုပ်ဝင်တဲ့ရက်လေး ဆိုတော့ အရင်ဆုံး ဂုဏ်ပြုစကားလေးပြောမယ်နော်...ကိုကိုရေ Congratulations ပါ... အစစအရာရာအဆင်ပြေပါစေ... အလုပ်မှာပင်ပမ်းစရာကြုံလည်းအားတင်းထားပါနော်... ကိုကိုနဲ့ ကလေးလေးရဲ့ ဘဝရှေ့ရေးကိုတွေးပြီး အားတင်းထားပါ...I am very proud of you, Bae♥️
ကဲ စာလေးဆက်ရအောင်... ကိုကို ပူကျူးလေးအခုဘယ်မှာလဲသိလား... ထမင်းစားခန်းထဲမှာ...အမြဲတမ်း ကိုကို့ကို ဂျီကျပြီး ကိုကို့မျက်နှာမြင်မှ ထမင်းစားမယ်ဆိုတဲ့ ပူကျူးလေးက တစ်ယောက်ထဲ စားဖြစ်နေပြီလေ...စိတ်မပူနေပါနဲ့နော် ကလေးလေး ကောင်းကောင်းစားနေပါတယ်... ဟင်းတွေကလည်းစုံလို့... ငါးဥကြော်... ကြက်ခြောက်စပ်...ကိုကိုအရမ်းစားချင်တဲ့ ရှုပ်ခရုဟင်းချိုလေးရယ် ငါးပိရည် တို့စရာရယ်... ကြည့် ဘယ်လောက်ကောင်းလိုက်လဲ...စားပြီးရင် ရေချိုးထားမယ် သနပ်ခါးလေးပါလိမ်းထားမယ်...အဲ့ဒါမှ ကိုကိုပြန်လာတဲ့အချိန်ဖုန်းခေါ်ရင် အမောပြေမှာ...♥️
ကိုကိုရေ... ကိုကို့ကလေးလေးကလေ ကိုကို့ကိုချစ်တဲ့စိတ်နဲ့စား ချစ်တဲ့စိတ်နဲ့ နေနေတာပါ...ကိုကိုအလုပ်တွေပင်ပမ်းတဲ့အခါ မှတ်ထားရမှာက ကိုကိုတစ်ယောက်ထဲပင်ပမ်းနေတာမဟုတ်ဘူး... ပူကျူးလေးလဲ ကိုကို့ကိုလွမ်းတဲ့စိတ်နဲ့ပင်ပမ်းနေပါတယ်... လို့ ♥️
ကိုကို့ရဲ့ အသည်းတုန် အူတုန် ပူတူးတူး ပူကျူး ကလေးလေး... 😝💕♥️

ဖတ်မိတိုင်း မျက်ရည်ဝဲရတဲ့ စာလေး... 😓
ReplyDeleteLove you baby lay...
ဒီနေ့ ဖတ်မိတယ်... ဒီနေ့ မျက်ရည်ဝဲရပြန်တယ်... 😓
ReplyDeleteဘယ်နှခါ ဖတ်ဖတ် မျက်ရည်ဝဲရတဲ့ စာလေး...
ReplyDelete