Thursday, 14 February 2019

❤️Happy Valentine Day Bae!!! ❤️

သို့ /
ကိုကို အရမ်း မြတ်နိုးရတဲ့ ပူကျူးလေးရေ...

ပူကျူးလေးကို ဒီနေ့ ၁၄.၂.၁၉ ချစ်သူများနေ့မှာ အမှတ်တရ Surprise ပန်းစည်းလေး ကိုကိုစီစဉ်ပေးလိုက်တယ်နော်... ကိုယ်တိုင် ပူကျူးလေး လက်ထဲ မထည့်နိုင်ပေမဲ့ ဒီပန်းစည်းလေးထဲမှာ ကိုကို့ အချစ်တွေ အများကြီး ပါတယ်... ❤️

ကိုကိုပေးတဲ့ ပန်းလေးတွေကို ပူကျူးလေး သေချာ ကြည့်လိုက်ပါဦး... အနီရောင် နှင်းဆီလေးတွေလေ... သူ့ရဲ့ အဓိပ္ပါယ်က ချစ်မြတ်နိုးခြင်း၊ romantic ဖြစ်ခြင်း တဲ့ ကလေးလေးရဲ့... ပူကျူးလေးအပေါ် ကိုကို့ရဲ့ ချစ်မြတ်နိုးမှု၊ ကိုကိုတို့ နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်တဲ့အချစ်တွေကို ကိုယ်စားပြုဖို့ပေါ့...

နောက်ပြီး ကိုကိုတို့ရဲ့ ထူးခြားတဲ့ နံပါတ်လေးဖြစ်အောင် ၁၈ ပွင့်လေ... သူ့အဓိပ္ပါယ်ကတော့ သစ္စာရှိခြင်း၊ မှန်ကန်ခြင်းတဲ့ သဲသဲလေးရဲ့...

သေချာ ကြည့်ရင် ၁၈ ပွင့်ထဲမှာ ၁၇ ပွင့်ပဲ ပန်းအစစ်ပါတယ်... ကျန်တဲ့ တစ်ပွင့်ကတော့ ပလပ်စတစ်ပန်းလေး... ပူကျူးလေး စဉ်းစားမယ်... ကိုကိုဘာလို့ ပလပ်စတစ်ပန်း ပေးလဲပေါ့... ဒီလို ကလေးလေးရဲ့... ❤️

ပလပ်စတစ်ပန်းလေးက သူ့ကို ဖျက်ဆီးမယ့် မြေအောက်က ဘက်တီးရီးယားတွေရဲ့ အတိုက်အခိုက်ကြားမှာ ထားရင်တောင် နှစ်ပေါင်း ၁၀၀၀ လောက်ခံနိုင်ရည်ရှိတယ်တဲ့... အဲဒီလိုပဲ ကိုကို ပူကျူးလေးအပေါ် ထားတဲ့ မေတ္တာ၊ သစ္စာ၊ ချစ်မြတ်နိုးမှုတွေက ဘယ်လို အတိုက်အခိုက် အတားအဆီးတွေ ရှိနေပါစေ ဒီပလပ်စတစ်ပန်းလေးလိုပဲ နှစ်ရာပေါင်းများစွာ တည်မြဲနေမယ်ဆိုတဲ့ သဘောလေးပေါ့... ဒီဘဝမှာတင် မကဘဲ နောင်ဘဝတွေ အထိလေ... ❤️

ပျော်ရွှင်စရာ ချစ်သူများနေ့ ဖြစ်ပါစေ...❤️❤️❤️😘😘😘
ကလေးလေးရဲ့
ကိုကို

No comments:

Post a Comment