Thursday, 9 May 2019

တစ်နှစ်နဲ့ တစ်လပြည့်

ဒီနေ့ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းတစ်နှစ်နဲ့တစ်လပြည့်လေးပါ...

မော်လမြိုင်ရောက်ကတည်းကပျော်နေရတဲ့ပူကျူးလေးကတော့သတိရမိမယ်မထင်ပါဘူး... 
အမြဲလိုလိုဒီလိုအမှတ်တရနေ့တွေကိုကျွန်တော်ကသာသတိရတာကများပါတယ်... 

ပူကျူးလေးတစ်ယောက်အိမ်ပြန်ရောက်ကတည်းကကျွန်တော်နဲ့အဆက်အသွယ်အတော်နည်းသွားပါတယ်... တနေကုန်စကားပြောဖြစ်တဲ့အချိန်ဆိုတာနာရီဝက်တောင်မပြည့်ချင်တော့ပါဘူး...

အမြဲကိုကိုမှကိုကိုဖြစ်နေတတ်တဲ့ကလေးလေးကအိမ်မှာအဖေ၊အမေ၊မောင်လေးတွေနဲ့နေရတော့ကျွန်တော့်အခန်းကဏ္ဍဟာအတော်နည်းပါးသွားတယ်လို့စိတ်မကောင်းစွာတွေးမိပါတယ်...

မိုးခြိမ်းသံကြားရင်ကြောက်လန့်တကြားခေါ်တဲ့ဖုန်းသံတွေမရှိတော့ဘူး၊တစ်ခုခုဖြစ်ရင်ကိုကိုရေဆိုပြီးချွဲနွဲ့သံတွေနည်းပါးလာတာသိသိသာသာပါပဲ... 

ဒီတစ်နှစ်တစ်လပြည့်မှာတင်ရတဲ့အခုလိုဝမ်းနည်းရတဲ့ခံစားမှုစာမျိုးနောက်နောင်မတင်ရပါစေနဲ့လို့သာဆုတောင်းရင်း... 

😥😥😥

အိပုပ်လေးရဲ့ကိုကို
၉.၅.၁၉

No comments:

Post a Comment