Sunday, 1 August 2021

တွေ့ရှိချက် အသစ်တစ်ခု ❤️🥰❤️

 ဒီနေ့ 1.8.21 ည ၁ နာရီခွဲမှာ တွေ့ရှိချက် အသစ်တစ်ခုရှိတယ် 


မနက်ဖြန် ပုပ်လေးနဲ့အတူ ကြည့်ဖို့ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးရုပ်ရှင် Down နေတုန်း ကုတင်ပေါ်မှာ အိပ်နေတဲ့ ပုပ်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာလို့ လှည့်ကြည့်မိတယ် 


မျက်စိမဖွင့်သေးဘဲ အရင်ဆုံးလုပ်တာက ကိုကို့နေရာကို လက်ကလေးနဲ့ လိုက်စမ်းပြီး ရှာနေတာပါ 🥰🥰🥰

စမ်းတာမတွေ့တော့ မျက်လုံးလေးဖွင့်ကြည့်တယ်...

ကွန်ပျူတာ ရှေ့မှာ ထိုင်နေတဲ့ ကိုကို့ကို မြင်တော့ ကလေးလေးလို "ဟင့် ဟင့်" ဆိုပြီး အော်ရော။

ကိုကို့မှာ အပြေးကလေး သွားဖက်ပေးရတယ်။ ပိုးတုံးလုံးလေး ပြန် အိပ်‌ေပျာ်သွားပါလေရော 🥰🥰🥰🥰

ပိုးတုံးလုံးလေး တရေးနိုးနိုးချင်း ရှာတာက ကိုကို့ကိုပါလား...

ချစ်လိုက်တာ 🥰😇

မြတ်နိုးလိုက်တာ 🥰🥰😇😇

ကြည်နူးလိုက်တာ 🥰🥰🥰😇😇😇


ပြန် အိပ်ပျော်သွားတဲ့ ကလေးလေးကို 

အနမ်းမိုးတွေ တဝကြီး ခြွေပလိုက်တယ်

❤️❤️❤️🥰🥰🥰😘😘😘


Tuesday, 13 April 2021

New feeling 👩‍❤️‍👨

 12.4.2021 (10:15PM )

ဒီနေ့ည ကျွန်မ ခံစားချက်အသစ်လေးတစ်ခု ခံစားလိုက်မိလို့ ရေးလိုက်ဖြစ်တာပါ...တစ်ချိန်ကျ အတူတူစာတွေပြန်ဖတ်ရင်း ကြည်နူးလို့ရအောင်ပေါ့...💜 


🥰ဖြစ်ပုံက ပုပ်လေးက Allergic ဖြစ်လို့စိတ်မကြည် ချွဲချင်နေချိန်မှာ ကိုကိုက ဆေးရုံကနေပြန်တော့မယ် ဆိုတာကစပါတယ်... လုံး၀မပေးပြန်ချင်တာ စိတ်ရင်းအမှန်ပါ... အမေသာအနားမရှိရင် "ကိုကိုရယ် မပြန်ပါနဲ့" ဆိုပြီး ကလေးတစ်ယောက်လို အော်ငိုပြီး ဖတ်ထားမိမှာပါ... ဒါပေမယ့် ခံစားချက်ကိုအနည်းငယ်သာထုတ်ပြနိုင်ခဲ့ပါတယ်... အဲ့လိုအချိန်တွေမှာ လိုအပ်တယ်ဆိုတာသိရက်နဲ့ ပြန်သွားနိုင်တဲ့ကိုကို့ကိုလည်း အရမ်းစိတ်ထဲနာကျည်းမိတယ်... ငါသာဆို မထားခဲ့နိုင်ဘူး လို့ တွေးမိပြီးစိတ်မကောင်းဖြစ်တယ်... ဒါပေမယ့် ငါဘယ်လောက်လိုအပ်တယ်ဆိုတာငါဘဲသိတာလေ... ငါဘဲ ပျော့ညံ့လို့ဖြစ်မှာပါ...‌😔 ရေချိုးခန်းထဲ ပြေး၀င်ပြီး ငိုခဲ့ပေမယ့် မကျေနပ်နိုင်လို့ ပြန်ထွက်လာပြီး စာတွေပို့လိုက်ဖြစ်ပါတယ်... စာနဲ့ဖော်ပြလို့မရတဲ့ခံစားချက်မျိုးတော့ မပါ လိုက်ဘူးပေါ့... ပြီးတာနဲ့ အ၀တ်လဲပြီးထွက်ခဲ့မယ်တဲ့... ‌စိတ်ထဲ ပျော်သလိုလိုဖြစ်သွားတယ်...ဒါပေမယ့် ဒီလူက အဲ့လိုမဟုတ်မှန်းသိတယ်လေ... 


🤫ရေအကြာကြီးဖွင့်ပြီးရေပန်းအောက်ရပ်နေလိုက်တယ်... ရေပန်းတွေက အယားပြေစေတယ်လေ...ဆပ်ပြာမတိုက်ဘဲအကြာကြီးပေပြီးရပ်နေလိုက်တယ်... စိတ်ထဲကခံစားချက်တွေကတော့ ရေနဲ့မပါသွားလိုက်ဖြစ်ဘူး... 


😑ရေချိုးပြီးအထွက် ဖုန်းကိုပြေးအကြည့်မှာ လာပြီဆိုတော့ ထုံးစံအတိုင်း မူလကျီ လုပ်မိပြန်ရော...အိုဘာဘဲဖြစ်ဖြစ် ဒီအချိန်ဆိုတော့ တားရမှာ ငါ့တာဝန်ဘဲလေဆိုပြီးတားလိုက်ပါတယ်...၃နှစ်ချစ်ခဲ့တဲ့ချစ်သူအကြောင်း ဒီလောက်တော့သိမှာပါပေါ့... တိုက်တိုက်ဆိုင်ဆိုင် ‌အမေ့ဖုန်းက ဘေမရှိရာကနေ ပုပ်ဖုန်းကိုယူဆက်ပါရော... အဲ့အချိန်တွေးမိနေတာက "ကိုကိုလာနေပြီ...ပုပ်လေးဆီ လာနေပြီ" ... 


😶လက်ထဲဖုန်းရောက်တာနဲ့ကြည့်မိတော့ ကိုကို့Miss callတွေ ပါလား... နာရီကိုကြည့်မိတော့ ၈နာရီ ကျော်နေပြီ ... ဆက်သွယ်ကြည့်တယ် စိတ်ထဲတော့ စိတ်ပူမိတယ် လာနေလို့ ဆိုပြီးတွေးရင်း လမ်းမှာ တစ်ခုခုဖြစ်နေမလား ဆိုတာရယ်... မလာတော့ဘူးလား ဆိုပြီးရယ်ပေါ့... တစ်ခါတစ်လေ အမှန်တရား တစ်ချို့ သိနေရက်နဲ့ လက်မခံနိုင်တာမျိုး လိမ်ပြီး ပေခံတာမျိုး ရှိတတ်တယ်လေ...  ဟုတ်ပါတယ် ကိုကို တစ်ကယ်က မလာခဲ့ပါဘူး... ပုပ်လေး စိတ်ထဲ ငါထင်တဲ့အတိုင်းပါဘဲ အဲ့လိုလူပါလေ ငါ့ကိုနားမလည်သေးတဲ့လူကြီးဆိုပြီး ကိုကို့ကိုဆက်ပြောနေမိတယ်... 


🤯9:03PM မှာ ထွက်လာပြီတဲ့ ဝင်းတံခါးပိတ်လို့စောင့်နေတယ်တဲ့...ဆေးရုံကိုအရေးတကြီးသွားစရာရှိလို့ဆိုဘဲ😱စိတ်တွေပူလိုက်တာဆိုတာလေ အထုတ်တွေသိမ်းရင်းလူက တုန်လာတယ်...ဝင်းထဲကနေထွက်လို့ရပါပြီတဲ့...လမ်းမှာ စစ်သားတွေက ဖမ်းဦးမယ်😭 ဘယ်လိုမှဖြေရှင်းချက်ပေးလို့ရမှာမဟုတ်ဘူး😭 ဖုန်းဆက်တားတယ် စာတွေပို့တယ်... လူဆိုးကြီး...နောက်ဆုံးအမေဝင်ပြောမှဘဲ လက်ခံပြီး အပေါ်ပြန်တတ်သွားတော့တယ်...😑 


💜သူ့ကိုအခန်းထဲVideo callနဲ့ Confirm မြင်ရမှ အလုံးကြီးကျတယ်...💕💕💕 

👩‍❤️‍👨တစိမ့်စိမ့်တွေးရင်း...တွေးရင်း...တွေးရင်း ကျွန်မ ကျေနပ်လာတယ်...နောက် နမျောမိလာတယ်... ဒါ ပထမဦးဆုံးပါ ... အမြဲတမ်း ဖုန်း screenလေးနဲ့ဘဲမြင်ခဲ့ရတဲ့သူ...တစ်ခုခုဆို ဖုန်းထဲဘဲစိတ်ကောက်ပြီး ဖုန်းထဲမှာဘဲ သဲသဲလှုပ်ချစ်တဲ့သူ... အခုလို အပြင်မှာ တွေ့ရတဲ့ရက်တွေမှာ အရမ်းချစ်ပြနေတာတွေမြင်တော့ ကျေနပ်နေမိတယ်... ပိုတောင်ပိုပါသေးတယ်...အခုလို စိတ်ကောက်တဲ့အချိန်မှာလည်း အရင်ကလို ဖုန်းထဲဘဲကောက် ဖုန်းထဲဘဲပြန်ပြေ လို့ဘဲထင်နေမိတာ... မဟုတ်ဘူး... ကျွန်မ မှားသွားတယ် လျော့တွက်မိတယ်ဘဲပြောရမလား... ကိုကိုက လူကြီးပီပီ တစ်ခုခုဆိုရင် လုပ်ချင်တာထက်လုပ်သင့်တာလုပ်တယ်...မိုက်ရူးရဲမဆန်ဘူး... တဇွတ်ထိုးမလုပ်ဘူး... အခုတော့ အဲ့လိုမဟုတ်ဘူးရယ်... ကိုကိုကလေ ဆယ်ကျော်သက်လေးတစ်ယောက်လို ပြုမူလိုက်တယ်... အချစ်ရူးလေးတွေ တဇွတ်ထိုး မိုက်ရူးရဲဆန်သလိုပေါ့... အသက် 30ကျော် ကြီးရဲ့အချစ်တဲ့လား... တွေးရင်းကြည်နူးနေမိတယ်... ကံကြမ္မာကြီးရယ်... ဘာလို့ လွန်ခဲ့တဲ့ ၃နှစ်ကျော်ကမှ စပြီး ဒီလူသား၂ယောက်ကို ချစ်စေခဲ့ရတာလဲ... နုပျိုမှုတွေ ငယ်ရွယ်မှုတွေ အချစ်ရူးလေးတွေလိုချစ်တဲ့ အရွယ်တွေကို ကျော်လွန်ပြီးမှ တည်ငြိမ်အေးချမ်းတဲ့ အချစ်စစ်မျိုး ရစေချင်လို့လား... ဒါပေမယ့် တစ်ခါတစ်လေ အဲ့လို ငယ်ရွယ်တဲ့ အချိန်ရဲ့ အရသာလေးက ကြည်နူးစရာလေးနော်...ကျွန်မလည်း တစ်ကယ်တော့ အဲ့လိုလေးတစ်ခါခါ အဲ့လိုလေးတော့အချစ်ခံချင်မိတယ်... အခုလိုပေါ့ ☺️ ရည်စားသက်တမ်း ၃ နှစ်မှာသာအတူတူရှိနေခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ... စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးမို့လို့လားတော့မသိဘူး...တစ်ခါခါ ချစ်သူနဲ့ပါတ်သတ်ရင် စိတ်ကူးလေးယဉ်နေရယုံနဲ့ကျေနပ်သူပါ... တစ်ကယ်လို့သာ တစ်မြို့ထဲအတူတူရှိတေခွင့်လေးရခဲ့ရင်... ဘယ်လောက်တောင် ကောင်းလိမ့်မလဲ... ရလေ လိုလေ တစ္ဆေမလေးဖြစ်နေပြန်ပါပြီ... နောက်လ ဆိုရင်ဘဲ 5ကြိမ်မြောက်ရွေ့ဆိုင်းထားတဲ့ လက်မှတ်ထိုးပွဲ(ရက်တောင်မသိရသေး) ... ပြီးရင် အကြင်လင်မယားဘ၀ကိုကူးပြောင်းရတော့မယ်... ချစ်သူသက်တမ်းကုန်တော့မယ် ဆိုတာ အခုလိုအချိန်မျိုးကျ စိတ်မကောင်းပြန်ဘူး... လူဆိုးလေးနဲ့ ချစ်သူဆက်ဖြစ်ချင်နေသေးတာလေ... ရည်စားဘ၀ ကိုကိုလာကြိုမှာကိုညကတည်းက ရင်တွေခုန်ပြီးစောင့်မယ် လူငယ်တွေပီပီ သွားမယ် စားမယ် လုပ်ချင်တာတွေလုပ်ကြမယ် ပျော်မယ် ညနေ အိမ်ကို အချိန်မီပြန်ပို့ ...နှုတ်ဆက် ...မပြန်စေချင်လို့စိတ်ကောက် ကိုကိုကချော့...နောက် ကိုကို့ပိတ်ရက်ကိုလွမ်းရင်းစောင့် နောက်တစ်ခါတွေ့ရင်ဘာလေး၀တ်မယ် ဘယ်သွားကြမယ် တစ်မျိုးပြီးတစ်မျိုး စဉ်းစားရင်းနဲ့ ကုန်ဆုံး...ဟိဟိ ပျော်လိုက်တာနော်... အဲ့လိုမျိုးလေးတွေ မရှိတဲ့ ချစ်သူသက်တမ်းကို စိတ်ကုန်မိသွားတယ်... 😔 


🤐စာလည်းရှည်နေပါပြီလေ... ဒါကလည်း ကျွန်မ စိတ်ကူးယဉ်ပြီး တစ်ယောက်ထဲ ပြဇာတ်ကနေသလိုပါဘဲ... တစ်ကယ်က ကျွန်မကိုချစ်လို့ဆိုတာထက် တစ်ညလုံး တွတ် နေမှာကို စိတ်ကုန်လို့ ဖြစ်ချင်ရာဖြစ်ကွာ နားပူတယ် ဆိုပြီး အရွဲ့တိုက်တာများလား...😏 အဲ့လိုဆိုရင်တော့ ဒီက အရူးမလေးက တော်တော်လက်လွန်အတွေးလွန်မိနေပြီ... နစ်နာသူကြီးဖြစ်သွားပြီနော်... 


သိဖို့/ 


ကိုကို့ကိုသိပ်ချစ်တဲ့ပုပ်လုံးလေး😘

Monday, 9 November 2020

အိပ်ပျော်နေသော်လည်း ကိုကိုက ကြည့်နေသော အခါ 😍


အိပ်ပျော်နေတာတောင် မေးလေးကို လက်နဲ့ထောက်ထားတဲ့ ကိုကို့ ဘေဘီပူကျူး အာပေတူးကလေး 😍😍😍

 

Thursday, 28 May 2020

အကျင့်ပါသွားမှာစိုးလို့ပါ❤

28.5.2020 (12:39am)

❤ဒီနေ့ ကိုကို Duty Off❤
💙ကိုကိုကတော့ အိပ်ပျော်နေပြီ... တရှူးရှူးနဲ့ သနားပါတယ်... တော်တော်ပင်ပမ်းနေသလိုဘဲ...အခု ပုပ်လေး အိပ်ချင်နေပြီ... ကိုကို မပါဘဲနဲ့ မအိပ်ချင်ဘူး... တစ်ကယ်တော့ ကြိတ်မှိတ်ပြီး ပျော်အောင်အိပ်လိုက်လို့ရပါတယ်...ဒါပေမယ့် မအိပ်ချင်ဘူး...ကိုကိုချော့သိပ်မှ အိပ်ချင်တယ်...ကိုကို့ မျက်နှာလေးကိုကြည့်ပြီးအိပ်ချင်တယ်...ကိုကို့အသံလေးနားထောင်ပြီးအိပ်ချင်တယ်...ကိုကို ပုပ်လေးအိပ်နေတာကို ကြည့်နေတာတာလေးသဘောကျတယ်... 💙
💚ကိုကို ဆိုတာ ပုပ်လေးဘဝ အတွက် မရှိမဖြစ်ပါ... Oxygen လို အမြဲလိုအပ်နေချင်တယ်... ပုပ်ဘဝမှာ ဘယ်သူမှ မရှိလည်းဖြစ်တယ်... မလိုအပ်ဘူးဆိုပြီး ကြွေးကြော်ရဲတယ် နေထိုင်ရဲတယ်...ဒါပေမယ့် ကိုကို ကတော့ ချွင်းချက်... ကိုကိုမရှိလို့ကိုမဖြစ်ဘူး... ဲအဲ့လိုမရှိတာကိုလက်ခံပြီး မရှိလည်းဖြစ်တယ်ဆိုတဲ့ အကျင့်ရသွားမှာကြောက်တယ်... ပုပ်လေး သွေးအေးအေးနဲ့ နှလုံးသားပြန်မာကျောသွားမှာလည်းကြောက်တယ်💚
💜ဒီတော့ ကိုကို့ကို မနှိုးရက်ပေမယ့်လည်း နှိုးရဦးမယ်... စိတ်မဆိုးပါနဲ့နော်... အရမ်းချစ်လို့ပါ... ဒီ့ထက် ချစ်ချင်သေးလို့ပါ သိပ်ချစ်ရတဲ့ ကိုကိုရေ💜

ကိုကို့ အိပုပ်လုံးကလေး🤗

Friday, 14 February 2020

14.2.2020

ဒီနေ့ဟာ Valentine Day ‌ေ‌န့လေးပါ... ဒီနှစ် ချစ်သူများနေ့မှာ ကိုကို အရမ်းချစ်ရတဲ့ အိပုပ်လေးအတွက် ထူးထူးခြားခြား လက်ဆောင် မပေးလို့ဆိုပြီး စိတ်မကောင်းဖြစ်နေရှာတဲ့ အိပုပ်လေးရေ...

ဒီနှစ်ဟာ ကိုကိုနဲ့ အိပုပ်လေးတို့အတွက် ထူးခြားတဲ့့နှစ်တစ်နှစ်ပါ... နှစ်ယောက်အတူ ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့ အစပျိုးနိုင်ကြတဲ့ နှစ်ပေါ့... ဒီလိုအချိန် ဒီလို ‌ေ‌န့မှာ ‌ေ‌ငွကြေးနဲ့ ဝယ်ယူလို့ရတဲ့ လက်ဆောင်ထက် ထူးခြားတဲ့ ကတိ လက်ဆောင်လေးကို ကိုကိုက ‌ေ‌ပးချင်ပါတယ်...

"ကိုကို အရမ်းချစ်ရတဲ့ အိပုပ်လေးကို ဘဝတစ်လျှောက်လုံး ကြင်ကြင်နာနာ၊ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ‌ေ‌သတပန် သက်တဆုံး လက်တွဲသွားပါမယ်... နှစ်ယောက် အတူ ဘဝမှာ ‌ကြုံတွေ့ရနိုင်တဲ့ အခက်အခဲ အတားအဆီးတွေ၊ ‌ေ‌ကာင်းခြင်းဆိုးြခင်းတွေ အားလုံးကို တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြပါမယ်..." လို့ ဒီနှစ် ချစ်သူများ‌နေ့မှာ ကိုကိုက ကတိပေးလိုက်ပါတယ် ‌ေ‌ဘဘီဘူးလေးရေ...

Love you so much Bae... ❤️😘😍❤️😘😍❤️😘😍

Monday, 6 January 2020

First Step for our future 💝

♥️မနက်ဖြန်အတွက် ရင်တွေခုန်လိုက်တာနော်... ဘယ်လိုအိပ်ရပါ့ ကိုကိုရယ်... ♥️

Saturday, 9 November 2019

Happy 1 yr and 7 months monthiversary

ဒီကနေ့ဟာကိုကိုနဲ့ အိပုပ်လေးတို့ရဲ့တစ်နှစ်နဲ့ခုနစ်လပြည့် နေ့ထူးနေ့မြတ်ကလေးဖြစ်ပါတယ်...
အိပုပ်လေးကတော့ဘာမှမသိပဲအိပ်ပျော်လို့နေပါတယ်...

ဒီကနေ့ တစ်နေ့ခုနစ်လပြည့်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
ကိုကိုနဲ့ အိပုပ်လေးတို့ နှစ်ယောက်အတူ
ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နဲ့
အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်ရပါလို၏လို့
ကိုကို ဆုတောင်းပါတယ် ဘေဘီဘူး လေးရေ...