ခါတိုင်းနဲ့ မတူဘဲ ဒီတခါ အခေါ်အဝေါ် အသစ်နဲ့ပါ... အဓိပ္ပါယ်တွေလည်း အများကြီးပေါ့... အိမ်ထောင်သက် ၄ နှစ်ကျော်ကာလမှာ ကောင်းတူ ဆိုးတူ ချစ်ချစ်ခင်ခင်နဲ့ အတူတူ ဖြတ်သန်းလာပေးတဲ့ ချစ်ရတဲ့ ဇနီးကလေးမို့ အဲလိုလေး ခေါ်လိုက်တာပါ... ကိုကို့အပေါ် နားလည်မှုတွေ ပေးပြီး ဆိုးသမျှအရာတွေ ရှိခဲ့ရင်လည်း သည်းခံပေးခဲ့တဲ့ အတွက်၊ အနားမှာ ခွန်အားတွေ ပေးတဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ်...
အခုဆို နှစ်ယောက်တည်း ကမ္ဘာကနေ သားကလေးပါ တိုးလို့ မိသားစုကလေး ဖြစ်လာခဲ့ပါပြီ... မွေးနေ့မှသည် ချစ်ရတဲ့ မိသားစုနဲ့ အတူတူ နောင် နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ... ကိုကိုနဲ့ သားလေးတို့ကို ဒီထက် ပိုချစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အချစ်ဆုံး၊ ဘေဘီဘူးလေးရေ...
ချစ်တဲ့
ကိုကို (6.8.25)
No comments:
Post a Comment