Sunday, 1 August 2021

တွေ့ရှိချက် အသစ်တစ်ခု ❤️🥰❤️

 ဒီနေ့ 1.8.21 ည ၁ နာရီခွဲမှာ တွေ့ရှိချက် အသစ်တစ်ခုရှိတယ် 


မနက်ဖြန် ပုပ်လေးနဲ့အတူ ကြည့်ဖို့ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးရုပ်ရှင် Down နေတုန်း ကုတင်ပေါ်မှာ အိပ်နေတဲ့ ပုပ်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာလို့ လှည့်ကြည့်မိတယ် 


မျက်စိမဖွင့်သေးဘဲ အရင်ဆုံးလုပ်တာက ကိုကို့နေရာကို လက်ကလေးနဲ့ လိုက်စမ်းပြီး ရှာနေတာပါ 🥰🥰🥰

စမ်းတာမတွေ့တော့ မျက်လုံးလေးဖွင့်ကြည့်တယ်...

ကွန်ပျူတာ ရှေ့မှာ ထိုင်နေတဲ့ ကိုကို့ကို မြင်တော့ ကလေးလေးလို "ဟင့် ဟင့်" ဆိုပြီး အော်ရော။

ကိုကို့မှာ အပြေးကလေး သွားဖက်ပေးရတယ်။ ပိုးတုံးလုံးလေး ပြန် အိပ်‌ေပျာ်သွားပါလေရော 🥰🥰🥰🥰

ပိုးတုံးလုံးလေး တရေးနိုးနိုးချင်း ရှာတာက ကိုကို့ကိုပါလား...

ချစ်လိုက်တာ 🥰😇

မြတ်နိုးလိုက်တာ 🥰🥰😇😇

ကြည်နူးလိုက်တာ 🥰🥰🥰😇😇😇


ပြန် အိပ်ပျော်သွားတဲ့ ကလေးလေးကို 

အနမ်းမိုးတွေ တဝကြီး ခြွေပလိုက်တယ်

❤️❤️❤️🥰🥰🥰😘😘😘


No comments:

Post a Comment