၁၆.၁၀.၁၈
ဒီနေ့ဟာ အမှတ်တရ နေ့ဖြစ်သလို အရေးပါတဲ့နေ့လည်း ဖြစ်ပါတယ်... ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အရမ်းမြတ်နိုးရတဲ့ ပူကျူးလေးနဲ့ အိမ်က အဖေနဲ့ အမေတို့ကို အပြင်မှာ စပြီး မိတ်ဆက်ပေးရ၊ တွေ့ပေးရမယ့် နေ့လေးမလို့ပါပဲ... 😇😇😇
ပူကျူးလေးဟာ ဗေဒါရောင် မြန်မာဝတ်စုံလေးကိုဝတ်၊ ဆံပင်လေးကို ချပြီး အရမ်းကို လှပတင့်တယ်နေပါတယ်👸🏻👸🏻👸🏻...အိမ်ကို သွားတဲ့ လမ်းတလျှောက် ပျော်ရွှင်မြူးတူးနေတဲ့ ဘေဘီလေးဟာ ကျွန်တော်တို့ အိမ်တံခါးပေါက် ရောက်တဲ့အချိန်မှာတော့ ရုတ်တရက် ငြိမ်လို့သွားပါတယ် 😳😳😳... Bell တီးနေတဲ့ ကျွန်တော့နောက်ကို လာကပ်ရင်း တိုးတိုးလေး ပြောလိုက်တာက "ကိုကို... ပူကျူးလေး ကြောက်တယ် 😨😨😨..." တဲ့...
ပူကျူးလေးကို မကြောက်အောင် အားပေးလိုက်ရပါသေးတယ်... အဖေ၊ အမေတို့နဲ့ ပူကျူးလေးစတင် တွေ့ဆုံခြင်းဟာ အစစ အဆင်ပြေချောမွေ့ခဲ့ပါတယ်... ပူကျူးလေးရဲ့ စိတ်ခံစားချက်လေးတွေ မေးချင်ပေမယ့် မေးခွင့်မသာခဲ့ပါဘူး... အဲဒီနောက် စီစဉ်ထားတဲ့အတိုင်း Hotpot City မှာ ညစာ တူတူသွားစားကြပါတယ်... လမ်းတလျှောက်မှာလည်း အမေနဲ့ပူကျူးလေး စကားတပြောပြော သွားကြတာကြောင့် လမ်းမှာလည်း မိဘတွေနဲ့ တွေ့ရတဲ့ ခံစားချက်ကို ကျွန်တော် မမေးဖြစ်ပြန်ပါဘူး... 🗣
Hotpot City ရောက်တော့ စားချင်တာတွေ မှာကြ၊ ယူကြ၊ စားဖို့ပြင်ကြနဲ့ စစချင်း အလုပ်တွေ ရှုပ်နေကြတာ စကားတောင် သေချာ မပြောနိုင်ကြဘူးလေ... ထိုင်ကြတဲ့အခါ ကျွန်တော်နဲ့ ဘေဘီလေးက တစ်ဖက်၊ မေကြီးနဲ့ အန်တီမြနဲ့က တစ်ဖက် ထိုင်ကြပါတယ်... အဲဒီနောက် စားကြသောက်ကြရင်း ရုတ်တရက် ပူကျူးလေးက ကျွန်တော့နားကို ကပ်လာပါတယ်... ကျွန်တော်သိလိုက်ပါတယ်... မိဘတွေနဲ့ တွေ့ရတဲ့ ခံစားချက်ကို သူကလေး ပြောတော့မယ်ပေါ့... စိတ်ထဲမှာ ရုတ်တရက် အတွေးလေးတွေဝင်လာတယ်... ဘေဘီလေး ပြောလာမယ့် စကားက
"ကိုကို... ပူကျူးလေး ပျော်လိုက်တာကွယ် 😇..."
"ကိုကို... ပူကျူးလေး စိတ်တွေလှုပ်ရှားနေတယ် 😍..." ဒါမှမဟုတ်
"ကိုကို့ ဖေကြီးမေကြီးတို့က သဘောကောင်းလိုက်တာ 💑..." စသဖြင့် တခုခုတော့ ပြောတော့မယ်လို့ပေါ့...
သူကလေး ကျွန်တော့အနားကို နီးနီးလေး ကပ်လာပါတယ်... ကျွန်တော်က ခေါင်းကလေးတိုး နားကို စွင့်လိုက်တာပေါ့... ပူကျူးလေးကလည်း လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်ပါတယ်... 🤫🤫🤫
"ကိုကို... ဟိုဖက်က ရေညှိထည့်ထားတဲ့ဟာ ပေးပါဦး..." တဲ့ဗျာ... 😖😖😖
ကျွန်တော့ စိတ်ထဲမှာ Ro ထားသမျှ... အင့်ကနဲ ကို နေတော့တာ... 😂😂😂
No comments:
Post a Comment