မနက်ဖြန်ဆို ကျွန်တော် အရမ်းချစ်မြတ်နိုးရတဲ့ ကလေးလေးနဲ့ ခန ပြန်ခွဲရပြန်ပါဦးမယ်... ၂လ တစ်ခါလောက် တွေ့ဖို့အရေးတောင် မလွယ်ကူလှတဲ့ ကျွန်တော်တို့ ချစ်သူ ၂ ယောက်အတွက် အတူတူ ရှိခွင့်ရတဲ့ ၃ ရက်လောက်ဟာ တန်ဖိုးကြီးလွန်းလှပါတယ်...
ဒီလိုပဲ ပြန်ကာနီးအချိန်တွေနဲ့ ခွဲရကာစ အချိန်တွေမှာ ကျွန်တော်တို့ ၂ ယောက် စိတ်အလိုမကျ ဖြစ်တတ်ပါတယ်... စိတ်အလိုမကျမှုရဲ့ နောက်ဆက်တွဲ ပြဿနာကတော့ တစ်ယောက်နဲ့ တစ်ယောက် စကားများတာပါပဲ...
တကယ်ဆို တခါတလေ ဘာမှလည်း မဟုတ်ပါဘူး... ကိစ္စသေးသေးလေးကိုပဲ စိတ်အလိုမကျမှုတွေကြောင့် စကားများကြတတ်ပါတယ်... သိလည်းသိကြပါတယ်... ကိုကိုတို့ ဖြစ်နေတဲ့ ပြဿနာတွေကလေ အတူတူ ရှိနေရင် ဖြစ်မှာ မဟုတ်ဘူးနော် ဆိုပြီးတောင် ပြောဖြစ်ကြပါတယ်...
ဒီနေ့လည်း ထို့အတူပါပဲ... အတူတွေ့ခွင့်ရတဲ့ ဒီ ၃ ရက်ထဲက တစ်ရက်ကို ကျောင်းဖွင့်ချိန်ကြောင့် နှုတ်လိုက်ရတော့ စိတ်ထဲမှာ နားလည်ပေးပေမယ့် အလိုမကျ ဖြစ်မိနေပါတယ်... အဲလိုနဲ့ ကလေးလေးနဲ့ စကားများကြပြန်ပါတယ်... ၂ ယောက်လုံး မောပြီး နောက်ဆုံးတော့ ကလေးလေး အိပ်မောကျသွားပါတယ်... စကားများနေကြတဲ့အချိန်မှာ ၂ ယောက်လုံး မာန်မာန၊ ဒေါသတွေ၊ မောဟတွေနဲ့ ပူလောင်လွန်းသလောက် ဒါတွေပြီးသွားရင် ကျွန်တော့်မှာ ပြောမိသမျှတွေအတွက် တခါ စိတ်မကောင်းဖြစ်ရတတ်ပါတယ်...
အခုလည်း ကလေးလေး ပင်ပန်းပြီး အိပ်ပျော်သွားတော့ "ကလေးလေးရေ... အိပ်တော့နော်... ကိုကို မှားတာပါကွယ်... စိတ်မဆိုးနဲ့တော့နော်... အရမ်းချစ်တယ်..." လို့ ပြောရင်း iPad ကနေ အာဝါးလှမ်းပေးတော့ အိပ်ချင်မူးတူးလေးနဲ့တောင် "ပူကျူးလေးလည်း ကိုကို့ကို အရမ်းချစ်တယ်..." လို့ပြောရင်း လက်အုပ်လေးချီ ကန်တော့ တော့ မျက်ရည်လည်မိပြန်ရောပေါ့ ကလေးလေးရယ်...
လက်အုပ်လေးချီပြီး သူပြောတာ၊ မသိစိတ်နဲ့လား၊ သိစိတ်နဲ့လား မသိပေမယ့် ကလေးလေးကို ပိုချစ်မိသလို၊ နောင်ကိုလည်း တတ်နိုင်သမျှ စကားမများအောင် ကိုကိုကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်...
Love you so much Bae!
No comments:
Post a Comment