Saturday, 9 November 2019

Happy 1 yr and 7 months monthiversary

ဒီကနေ့ဟာကိုကိုနဲ့ အိပုပ်လေးတို့ရဲ့တစ်နှစ်နဲ့ခုနစ်လပြည့် နေ့ထူးနေ့မြတ်ကလေးဖြစ်ပါတယ်...
အိပုပ်လေးကတော့ဘာမှမသိပဲအိပ်ပျော်လို့နေပါတယ်...

ဒီကနေ့ တစ်နေ့ခုနစ်လပြည့်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
ကိုကိုနဲ့ အိပုပ်လေးတို့ နှစ်ယောက်အတူ
ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နဲ့
အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်ရပါလို၏လို့
ကိုကို ဆုတောင်းပါတယ် ဘေဘီဘူး လေးရေ...

Tuesday, 16 July 2019

အိပုပ်သည်

၁၆.၇.၁၉

ဒီကနေ့ လပြည့်နေ့ပါ... ကိုကိုချစ်ရတဲ့ အိပုပ်လေး အစောကြီး ဘုန်းကြီးကျောင်းသွားပါတယ်...

facebook ကြည့်လိုက်တော့ ဒီနေ့မှာပဲ ကျွန်တော်တင်ခဲ့တဲ့ အိပုပ်လေးရဲ့ အိပ်ချင်မူးတူး အလွဲလေးကို ပြန်တွေ့လို့ ကြည်နူးမိပါသေးတယ်... (အဲမတိုင်ခင် စိတ်မကောင်းဖြစ်ရတာတော့ ထည့်မရေးတော့ပါဘူး... 😥)

ခနနေတော့ အိပုပ်လေးဆီက V call ဝင်လာပါတယ်... စကားပြောရင်း အိပုပ်လေးက ပြောတယ်...

"ကိုကိုနော်... အိပုပ်ကို ဒီနေ့ ကောင်းကောင်း ဆက်ဆံ... အိပုပ်က ဒီနေ့ ၈ပါးသီလယူထားတဲ့ အိပုပ်သည်... " တဲ့... 😂😂😂

ပြောချင်တာက ဥပုသ်သည်လို့ ပြောချင်တာ... ပြောချင်ဇောအားကြီးပြီး အိပုပ်သည် ဖြစ်သွားတာလေ... 😂😂😂😘😘😘

Thursday, 9 May 2019

တစ်နှစ်နဲ့ တစ်လပြည့်

ဒီနေ့ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းတစ်နှစ်နဲ့တစ်လပြည့်လေးပါ...

မော်လမြိုင်ရောက်ကတည်းကပျော်နေရတဲ့ပူကျူးလေးကတော့သတိရမိမယ်မထင်ပါဘူး... 
အမြဲလိုလိုဒီလိုအမှတ်တရနေ့တွေကိုကျွန်တော်ကသာသတိရတာကများပါတယ်... 

ပူကျူးလေးတစ်ယောက်အိမ်ပြန်ရောက်ကတည်းကကျွန်တော်နဲ့အဆက်အသွယ်အတော်နည်းသွားပါတယ်... တနေကုန်စကားပြောဖြစ်တဲ့အချိန်ဆိုတာနာရီဝက်တောင်မပြည့်ချင်တော့ပါဘူး...

အမြဲကိုကိုမှကိုကိုဖြစ်နေတတ်တဲ့ကလေးလေးကအိမ်မှာအဖေ၊အမေ၊မောင်လေးတွေနဲ့နေရတော့ကျွန်တော့်အခန်းကဏ္ဍဟာအတော်နည်းပါးသွားတယ်လို့စိတ်မကောင်းစွာတွေးမိပါတယ်...

မိုးခြိမ်းသံကြားရင်ကြောက်လန့်တကြားခေါ်တဲ့ဖုန်းသံတွေမရှိတော့ဘူး၊တစ်ခုခုဖြစ်ရင်ကိုကိုရေဆိုပြီးချွဲနွဲ့သံတွေနည်းပါးလာတာသိသိသာသာပါပဲ... 

ဒီတစ်နှစ်တစ်လပြည့်မှာတင်ရတဲ့အခုလိုဝမ်းနည်းရတဲ့ခံစားမှုစာမျိုးနောက်နောင်မတင်ရပါစေနဲ့လို့သာဆုတောင်းရင်း... 

😥😥😥

အိပုပ်လေးရဲ့ကိုကို
၉.၅.၁၉

Tuesday, 26 February 2019

ချစ်သူပြောသော တရေးနိုးစကားများ

“ကိုကို သိလား... သဲသဲ အိပ်မက်မက်နေတာ...”

“ဟုတ်လား...”

“အိပ်မက်ထဲမှာ သဲသဲ တောထဲမှာ ကျားချီးလိုက်ရှာနေတာ...”

“ဟမ်… ဘာလုပ်ဖို့လဲ ကျားချီးက???”

“ကျားချီး ၈ ထုပ်ကို တစ်သောင်းတဲ့ ကိုကိုရဲ့ … အဲဒါကြောင့် သဲသဲ လိုက်ရှာနေတာ...ရောင်းမလို့...”

😂😂😂😘😘😘


၂၆.၂.၁၉  မနက် ၃ နာရီကျော် တရေးနိုး ကျွန်တော့ ဘေဘီ ပူကျူး သဲဥလေးရဲ့ ချစ်စရာ အိပ်ချင်မူးတူး အမှတ်တရ စကားလေး 😍❤️

Thursday, 14 February 2019

❤️Happy Valentine Day Bae!!! ❤️

သို့ /
ကိုကို အရမ်း မြတ်နိုးရတဲ့ ပူကျူးလေးရေ...

ပူကျူးလေးကို ဒီနေ့ ၁၄.၂.၁၉ ချစ်သူများနေ့မှာ အမှတ်တရ Surprise ပန်းစည်းလေး ကိုကိုစီစဉ်ပေးလိုက်တယ်နော်... ကိုယ်တိုင် ပူကျူးလေး လက်ထဲ မထည့်နိုင်ပေမဲ့ ဒီပန်းစည်းလေးထဲမှာ ကိုကို့ အချစ်တွေ အများကြီး ပါတယ်... ❤️

ကိုကိုပေးတဲ့ ပန်းလေးတွေကို ပူကျူးလေး သေချာ ကြည့်လိုက်ပါဦး... အနီရောင် နှင်းဆီလေးတွေလေ... သူ့ရဲ့ အဓိပ္ပါယ်က ချစ်မြတ်နိုးခြင်း၊ romantic ဖြစ်ခြင်း တဲ့ ကလေးလေးရဲ့... ပူကျူးလေးအပေါ် ကိုကို့ရဲ့ ချစ်မြတ်နိုးမှု၊ ကိုကိုတို့ နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်တဲ့အချစ်တွေကို ကိုယ်စားပြုဖို့ပေါ့...

နောက်ပြီး ကိုကိုတို့ရဲ့ ထူးခြားတဲ့ နံပါတ်လေးဖြစ်အောင် ၁၈ ပွင့်လေ... သူ့အဓိပ္ပါယ်ကတော့ သစ္စာရှိခြင်း၊ မှန်ကန်ခြင်းတဲ့ သဲသဲလေးရဲ့...

သေချာ ကြည့်ရင် ၁၈ ပွင့်ထဲမှာ ၁၇ ပွင့်ပဲ ပန်းအစစ်ပါတယ်... ကျန်တဲ့ တစ်ပွင့်ကတော့ ပလပ်စတစ်ပန်းလေး... ပူကျူးလေး စဉ်းစားမယ်... ကိုကိုဘာလို့ ပလပ်စတစ်ပန်း ပေးလဲပေါ့... ဒီလို ကလေးလေးရဲ့... ❤️

ပလပ်စတစ်ပန်းလေးက သူ့ကို ဖျက်ဆီးမယ့် မြေအောက်က ဘက်တီးရီးယားတွေရဲ့ အတိုက်အခိုက်ကြားမှာ ထားရင်တောင် နှစ်ပေါင်း ၁၀၀၀ လောက်ခံနိုင်ရည်ရှိတယ်တဲ့... အဲဒီလိုပဲ ကိုကို ပူကျူးလေးအပေါ် ထားတဲ့ မေတ္တာ၊ သစ္စာ၊ ချစ်မြတ်နိုးမှုတွေက ဘယ်လို အတိုက်အခိုက် အတားအဆီးတွေ ရှိနေပါစေ ဒီပလပ်စတစ်ပန်းလေးလိုပဲ နှစ်ရာပေါင်းများစွာ တည်မြဲနေမယ်ဆိုတဲ့ သဘောလေးပေါ့... ဒီဘဝမှာတင် မကဘဲ နောင်ဘဝတွေ အထိလေ... ❤️

ပျော်ရွှင်စရာ ချစ်သူများနေ့ ဖြစ်ပါစေ...❤️❤️❤️😘😘😘
ကလေးလေးရဲ့
ကိုကို

Wednesday, 9 January 2019

Happy 9 monthiversary!!!

Happy 9 months monthiversary Bae!

၉ ဂဏန်းအမြဲလို စိုးမိုး အကျိုးပေးတဲ့ ကိုကိုနဲ့ ပူကျူးလေးတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်း ၉ လမှသည် နောင်နှစ်ပေါင်းများစွာ ချစ်မြတ်နိုးမှု၊ နားလည်မှု၊ တန်ဖိုးထားမှုတွေနဲ့ ရှေ့ဆက်ကြမယ်နော်...

😘😘😘😇😇😇