Wednesday, 30 May 2018

ဒုတိယအကြိမ် တွေ့ဆုံမှုလေး...

၉ ဂဏန်းနဲ့ အကျိုးပေးတဲ့ ကျွန်တော်တို့ ၂ ယောက်အတွက် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြတဲ့ ရက်စွဲလေးဟာ ၂၇ ရက်နေ့ဆိုတဲ့ ပေါင်းခြင်း ၉ ရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့သလို၊ နှစ်ယောက် အတူခရီးသွားတဲ့ ပထမဆုံးစီးတဲ့ အဝေးပြေးကားနံပတ်ကလည်း ၁၈၀၉  ဆိုပြီး ပေါင်းခြင်း ၉ ပဲဖြစ်နေခဲ့တာက ထူးခြားမှု တစ်ခုဖြစ်ပါတယ်...

ပူကျူးလေးနဲ့ ၂ ယောက်တူတူထိုင်ပြီး ခရီးသွားချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒ (မိဘတွေနဲ့ အနည်းငယ် ကတောက်ကဆ ဖြစ်ခဲ့ကြရပေမယ့်) အဆင်ပြေပြေ ပြီးမြောက်ခဲ့တယ်လို့ပဲ ပြောရမှာပါ... ဒီခရီးစဉ်မှာ ပူကျူးလေးနဲ့ ကျွန်တော် စိတ်ချင်း ပိုနီးခဲ့သလို၊ ပူကျူးလေးနဲ့ မိဘနဲ့ ဆက်ဆံရေး အထူးသဖြင့် ပူကျူးလေးရဲ့ မေကြီးနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ခဲ့တာလေးက တကယ့်အမြတ်ပါ...

အတူတွေ့ရတဲ့ အချိန်လေး နည်းပါတယ်... ပြန်ခွဲခွာရတဲ့အခါ နာကျင်ဝမ်းနည်းရပါတယ်... ၂ ယောက်လုံး မျက်ရည်မဆည်နိုင်ခဲ့ကြပါဘူး... ဒါပေမဲ့ အမြဲ နီးစပ်နိုင်ဖို့ တခဏတာ ခွဲခွာနေရတယ်လို့ပဲ ၂ ယောက်သား နှလုံးသွင်းရင်း... အတူတူနေကြရမယ့် နေ့ရက်တွေကို မျှော်လင့်နေကြမယ်နော်...

၃၀.၅.၁၈

Friday, 25 May 2018

၉ နဝင်း

ကျွန်တော်တို့ ၂ ယောက်နဲ့ ၉ ဂဏန်း ထူးခြားမှုကို ရှေ့မှာ ရေးခဲ့ဖူးပါတယ်...

၂ ယောက်သား ၉ နဝင်း ပုတီးတူတူ စိပ်ဖြစ်ခဲ့တာ... အခု ဒီနေ့ ၂၄.၅.၁၈ မှာ ပထမဆုံး အကြိမ် ၉ နဝင်းပုတီးကို အစ အဆုံး အောင်မြင်ပြီးစီးခဲ့ပါတယ်...

ဤ ပြုရသော ကုသိုလ်ကောင်းမှု ကြောင့် ကျွန်တော် တနင်္လာသား ကျော်စွာသက်နှင့် တနင်္ဂနွေသမီး မြတ်ပွင့်ယမုံ တို့နှစ်ဦး၏ ချစ်ခရီးလမ်းအစမှသည် နှစ်ဦးသား ဘဝကြင်ဖော်ဖြစ်သည်အထိ နှစ်ဖက်မိဘမှ အစပြု၍ အစစအရာရာ အဆင်ပြေ ချောမွေ့စွာ ရှိပါစေသား အရှင်ဘုရား... 🙏🙏🙏

Tuesday, 22 May 2018

ကိုကို့အတွက် ကျွန်မရဲ့ ကုသိုလ်

21.5.2018(Monday)

ဒီကနေ့ ၂၁.၅.၂၀၁၈ တနင်္လာနေ့မှာ ကျွန်မ လွန်ခဲ့တဲ့ ၃/၄ ရက်က ကိုကို့အတွက် ရည်ရွယ်ပြီး သတ်သတ်လွတ်စားကုသိုလ်ယူပေးမယ်ဆိုတဲ့ စိတ်ကူးလေးကို အကောင်အထည်ဖော်လိုက်နိုင်ပါပြီ။ ကျွန်မ ကိုကို့အတွက် ကုသိုလ်ယူပေးရတာဖြစ်လို့ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။😇🙏❤️

ကျွန်မက သာမာန်အစိုးရဝန်ထမ်းတစ်ဦးပါ။ တက္ကသိုလ်ရဲ့ သင်ကြားရေးအပိုင်းမှာ အငယ်ဆုံးရာထူးဖြစ်တဲ့ သရုပ်ပြဆရာမတစ်ဦးရဲ့လစာက ကျွန်မအတွက် ပိုလျှံဖို့နေနေသာသာလောက်ငှအောင်တောင်မထိန်းသိမ်းနိုင်ပါဘူး။ မိဘဆီကနေ လိုလေသေးမရှိ လက်ဖြန့်တောင်းလာတဲ့ ဘဝကနေ လစာစားအစိုးရဝန်ထမ်းဘဝကို ကူးပြောင်းတဲ့ အခိုက်အတန့်မို့လည်း လစာကို မထိန်းသိမ်းတတ်သေးပါဘူး။ စုဖို့ဆောင်းဖို့ဆိုလျှင် ဝေးစွ...🙇‍♀️🤦‍♀️🤷‍♀️

တစ်ခါတစ်လေ ကိုကို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးချင်တဲ့အချိန်ဆို ကျွန်မအရမ်းဝမ်းနည်းရပါတယ်။ကျွန်မမှာ ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံ အလုံအလောက်မစုမိပါဘူး။ လာမယ့် ဂျူလိုင်လမှာဆို ကိုကို့မွေးနေ့...🎂ကိုကို့အတွက် ကျွန်မရဲ့ ပထမဆုံးမွေးနေ့လက်ဆောင်လေး ဝယ်ပေးဖို့ကိုကျွန်မအမျိုးမျိုး စဉ်းစားနေပါတယ်။ ရန်ကုန်အထိသွားပြီးတော့လည်း မွေးနေ့အမှတ်တရလေးဖြစ်အောင်တစ်ခုခုလုပ်ပေးချင်သေးတယ်။ ကျွန်မခေါင်းထဲမှာ အတွေးတွေ များနေတာတော့ အသေအချာပါဘဲ။💑❤️😇

တစ်နေ့ ကျွန်မတွေးမိတာတစ်ခုက ကိုကို့အတွက် ဘာမှမဝယ်ပေးနိုင်တာတောင် ကိုကို့ကိုသိပ်ချစ်တဲ့ကျွန်မက သူ့အတွက် တန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခုဘဲလေ။ ဒီတော့ ကျွန်မကိုကို့အတွက် ဘာတွေ လုပ်ပေးနိုင်မလဲ။ အဲ့ဒါနဲ့ဘဲ ကျွန်မတနင်္လာနေ့တိုင်းကိုကိ့ုအတွက် ရည်ရွယ်ပြီး သတ်သတ်လွတ် ကုသိုလ်ယူမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ကိုကို့ကိုလည်းပြောပြဖြစ်ပါသေးတယ်။❤️🙏☺️

ဒီနေ့မနက် ကျွန်မ မြိတ်မြို့ရဲ့သမိုင်းဝင်တန်ခိုးကြီး သိမ်တော်ကြီးဘုရားမှာ ကိုကို့အတွက် ဆီမီးပန်းအမွှေးနံ့သာ အပြင် ထီးတော် တို့ကို လှူဒါန်းခဲ့ပါတယ်။ ကိုကိုစိတ်ချမ်းသာကိုယ်ကျန်းမာဖို့လည်း ဆုတောင်းခဲ့ပါသေးတယ်။ တစ်နေ့လုံးလဲ ကျွန်မဆုံးဖြတ်ထားတဲ့အတိုင်း သတ်သတ်လွတ်ဘဲ စားပါမယ်။ ညကျရင် တစ်နေ့လုံးကိုကို့အတွက် ရည်ရွယ်ပြီးပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှအတမ်းပေးဝေမယ်။ မဟာပထဝီမြေကြီးကို တိုင်တည်ပြီး တစ်နေ့တာသတ်သတ်လွတ်စားခဲ့တဲ့ကုသိုလ်ကို သစ္စာပြုမယ်။💑🙏😌

🙏ထိုကဲ့သို့ သတ်သတ်လွတ်စားရသောကုသိုလ်ကြောင့် တနင်္လာသား ဒေါက်တာကျော်စွာသက်သည် အသက်နှင့် ခန္ဓာကို ရန်ရှာမည့် ရောဂါဆိုးအမျိုးမျိုး। အခြေအနေအမျိုးမျိုး। အကြောင်းအမျိုးမျိုး တို့မှ ကင်းဝေးပါစေ🙏

🙏အသက်ရှည် အနာကင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာစွာဖြင့် သတ္တဝါတို့၏ အသက်ကို ကယ်တင်နိုင်သော စောင့်ရှောက်ပေးနိုင်သော သမားကောင်းတစ်ဦး। ဘာသာ သာသနာအကျိုး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်ပြီး မိဘကို ကျေးဇူးဆပ်နိုင်သော သားကောင်းသားမြတ်တစ်ဦးဖြစ်ပါစေသား... အရှင်ဘုရား🙏

Wednesday, 16 May 2018

😇

🎐  👢⚽✅🎗  🍸⚽⛎  🅿️⛎  🎋🍸⛎⛎  👢🅰🍸!

Saturday, 12 May 2018

ကျွန်တော်တို့ နှစ်ယောက်နဲ့ နံပါတ် ၉

နံပါတ် ၉ ဂဏန်းဟာ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ထူးထူးခြားခြား နံပါတ်တစ်ခုပါ...

သူကလေးနဲ့ ကျွန်တော် အသက်ကွာခြားချက်ဟာ ၉ နှစ်နဲ့ ၉ ရက်ဖြစ်ပါတယ်...
သူမ မွေးတဲ့အချိန်နဲ့ ကျွန်တော်မွေးတဲ့အချိန် ၉ နာရီကွာပါတယ်...
သူမဆီက Live Video လေး စတင်ရရှိခဲ့တာက ၉.၅.၂၀၁၇ ဖြစ်ပါတယ်...
Wechat မှာ စတင်ပြီး စကားပြောဖြစ်တာက ၉.၂.၂၀၁၈ ဖြစ်ပါတယ်...
သူမရဲ့ ရင်ထဲကို ရောက်စေခဲ့တဲ့ Moments တွေထဲက ထိုင်ခုံလေးလှုပ်စကားပြောခဲ့တဲ့ နေ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြစ်ပါတယ်...
နှစ်ယောက်သား ရင်ဖွင့်စကားတွေပြောပြီး စိတ်ချင်းပိုနီးခဲ့တာက April လ ၁၈ ရက်နေ့ ဖြစ်ပါတယ်...
ချစ်သူရည်းစား စဖြစ်ခဲ့တာက ၉.၄.၂၀၁၈ ဖြစ်ပြီး မြန်မာလိုလည်း တန်ခူးလ ၉ ရက်နေ့ ဖြစ်ပါတယ်...
နှစ်ယောက်တူတူ စိပ်နေတာက ၉ နဝင်းဖြစ်ပါတယ်...

Thursday, 10 May 2018

Happy one month anniversary

၉.၅.၂၀၁၈

ဒီနေ့လေးမှာ ကိုကိုနဲ့ ပူကျူးလေးတို့ရဲ့ ချစ်သူသက်တမ်း ၁ လပြည့်ပါတယ်... အမှတ်မထင် တွေ့ရှိမိတာလေး တစ်ခုက လွန်ခဲ့သော ၉.၅.၂၀၁၇ တုန်းက ပူကျူးလေးဟာ ကျွန်တော့ဆီကို သူကလေး စာကြည့်နေရင်း စိတ်ညစ်နေတဲ့(ပလပ်ကျွတ်နေတဲ့😄) ဗီဒီယိုလေးကို စတင် ပို့ဖြစ်ခဲ့တဲ့ နေ့လေး တစ်နေ့လည်း ဖြစ်နေတာကို ထူးထူးဆန်းဆန်း တွေ့ရပါတယ်...

ကျွန်တော်တို့ ကြားမှာ ၉ ဂဏန်းလေးဟာ ထူးထူးခြားခြား အမှတ်တရ များစွာနဲ့ပါ... ( ၉ ဂဏန်းနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ထူးခြားချက်ကို သတ်သတ်ပို့စ်ရေးပါဦးမယ်...)

ဒီနေ့ ဒီရက်လေးမှာ ပူကျူးလေးဆီက ကျွန်တော်လုံးဝ မထင်မှတ်ထားတဲ့ ချစ်စရာ၊ နှစ်သက်မြတ်နိုးစရာ လက်ဆောင်လေးတွေ ရရှိခဲ့ပါတယ်...

ပူကျူးလေး ပစ္စည်းတွေ ပို့လိုက်ပြီ ဆိုကတည်းက ဘာတွေပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့ စိတ်လှုပ်ရှားခဲ့ရတာပေါ့... ပစ္စည်းကို ကားဂိတ်မှာ သွားရွေးတဲ့အချိန်ဆို ရင်ခုန်မှုတွေက အယောင်ယောင် အမှားမှားတွေ လုပ်မိစေတဲ့အထိပါ...

လက်ဆောင်လေးတွေရလို့ ကားထဲမှာ ပစ္စည်းလေးတွေကို ကြည့်လိုက်တော့ ပူကျူးလေးရဲ့ အချစ်တွေ၊ မေတ္တာစေတနာတွေကို လက်ဆောင်လေးတွေကတဆင့် နှလုံးသားက နက်နက်နဲနဲ ခံစားလို့ ရပါတယ်... "ကိုကို့ကို အဲဒီလောက်တောင် ချစ်တာပဲလား ကလေးလေးရယ်..." ဆိုတဲ့ အတွေးလေးက ရင်ကို နွေးထွေးစေသလို၊ တဆက်တည်း ဘာလို့မှန်းမသိ ဝမ်းနည်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်...

အဲဒီလက်ဆောင်တွေထဲက သူမပေးထားတဲ့ ကြယ်ဗူးလေးထဲက ကြယ်လေးတွေမှာ စာလေးတွေ ရေးထားတယ်တဲ့လေ...

"ကိုကို ပူကျူးလေးကို စိတ်တို တိုင်း ဒီထဲက စာလေးတွေကို ထုတ်ကြည့်"တဲ့လား? အဲဒီ ခဏတာလေးမှာ ကိုကို့ စိတ်ထဲ ဆုံးဖြတ်လိုက်တာ ပူကျူးလေးကတော့ ဘယ်သိနိုင်ပါ့မလဲ... အဲဒီ ဆုံးဖြတ်ချက်လေးက...

ဒီအထဲက ကြယ်လေးတွေကို တတ်နိုင်သလောက် ထုတ်ဖတ်စရာ မလိုအောင် ကိုကို ပူကျူးလေးအပေါ် ပိုနားလည်မယ်၊ ပိုဂရုစိုက်မယ်၊ ပိုကြင်နာမယ်၊ ပိုချစ်မယ်လို့လေ...

အရမ်းချစ်တယ် ကလေးလေးရယ်... ကလေးလေးရဲ့ ကိုကို့အပေါ် တွယ်တာမြတ်နိုးမှုတွေကိုလည်း ကိုကို နှလုံးသားနဲ့ ခံစားပြီး အသိအမှတ်ပြုပါတယ်...

ချစ်သူ သက်တမ်း တစ်လ ပြည့်မှသည် နောင် လ ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ၊ နောက်ထပ် ဘဝပေါင်းများစွာ ကိုကိုနဲ့ ပူကျူးလေးတို့ ဆက်ချစ်သွားကြမယ်နော်... Love you so so much baby! ❤️

PS. ထူးထူးခြားခြား ကြယ် ၅ လုံးကို ဖွင့်ကြည့်တော့ ၅ လုံးစလုံးမှာ ပူကျူးလေးရေးထားတဲ့ စာလေးတွေ ပါတဲ့အပြင် (ကြယ်တိုင်းမှာ စာမပါဘူး)... ပထမဆုံး ဖွင့်တဲ့ ကြယ်လေးမှာ ရေးထားတာက "⟁ အဲဒီနားမှာ အမှိုက်ပုံးရှိလို့ ⟁"တဲ့... ကျွန်တော်တို့နှစ်ယောက်ရဲ့ သင်္ကေတ Triangle လေး နှစ်ခုကြားထဲမှာပေါ့... 😇

Saturday, 5 May 2018

မိုးခြိမ်းသံနှင့် ထပ်တူ ရင်ခုန်ပျော်ရွှင်ရခြင်း

မိုးခြိမ်းသံ ကြားရင် ပူကျူးလေးက အရမ်းကြောက်တတ်ပါတယ်... အဲဒီအချိန်ဆိုရင် သူ့ကို ဘာမေးမေး မလိမ်ရဲပါဘူး... 😂 အဲဒါကြောင့် မိုးခြိမ်းတဲ့အချိန် ရောက်ရင် ကျွန်တော် မေးခွန်းလေးတွေ မေးတတ်ပါတယ်...

၂၇.၄.၁၈… အဲဒီနေ့က မိုးတွေ သည်းသည်းမည်းမည်း ရွာပြီး လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းနဲ့ ပေါ့... ထုံးစံအတိုင်း ကျွန်တော် ပူကျူးလေးကို မေးခွန်းလေး တစ်ခု မေးလိုက်ပါတယ်...

“ပူကျူးလေး... ကိုကို့ကို ဘယ်လောက် ချစ်မှာလဲ?”
အဲဒီအခါ သူကလေးက ထီမထင်တဲ့ ပုံစံလေးနဲ့
“အဲဒါလား... အင်း... ချစ်နိုင်သလောက်တော့ ချစ်ရမှာပေါ့...😏” တဲ့လေ...

တိုက်တိုက်ဆိုင်ဆိုင်ပဲ … အဲဒီလိုလေး ပြောအပြီးမှာ ⚡️ဂျိန်းးးး!!! ⚡️ဆိုတဲ့ အသံကြီးနဲ့ မိုးခြိမ်းသံ အကျယ်ကြီး ထွက်ပေါ်လာပါတယ်... ဒီအသံကို ကြားကြားချင်းပဲ ပူကျူးလေး ထအော်ပါတော့တယ်...

“အရမ်းချစ်တယ်... အရမ်းချစ်ပါတယ်လို့... အရမ်းချစ်တယ်လို့...” တဲ့ခင်ဗျ 😇…
ကျွန်တော်က “အယ်… အကျယ်ကြီး အော်ပြောတယ်???”  လို့ပြောတော့...
“ပူကျူးလေးပြောတာ မကြားမှာစိုးလို့ အော်ပြောတာ...” တဲ့ 😂
ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေး... 😘

ဒီ အဖြစ်အပျက်လေးက မှတ်မှတ်ရရ ရင်ခုန် ပျော်ရွှင်ခဲ့ရတဲ့ နေ့လေး တစ်နေ့ပေါ့...

Friday, 4 May 2018

အိပုပ်လေး၏ရင်သို့ တိုးဝင်နေရာယူခြင်း

ဒါဟာ လွယ်ကူတဲ့ ကိစ္စ မဟုတ်တာတော့ အသေအချာပါပဲ... အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့... ကျွန်တော်ဟာ တချို့ တချို့သော ယောကျာ်းလေးတွေလို စကားပြောကြွယ်ပြီး ကောင်မလေးတွေကို ဖမ်းစားနိုင်စွမ်း မရှိပါဘူး... ကျွန်တော်စကားပြောရင် ဟန်ဆောင်မှု မပါဘဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ပါတယ်... စိတ်ထဲမှာလဲ ဘယ်အရာမှ မျိုသိပ်မထားတတ်ပါဘူး...

ဒီလို လူတစ်ယောက်က ပုရိသတွေ ဝိုင်းဝိုင်းလည်နေတဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူကလေးနားကို ကပ်ဖို့၊ ဒီထက်ပိုပြီး သူမရဲ့ ရင်ထဲမှာ နေရာယူဖို့ဆိုတာ စိတ်ကူးကြည့်ရင်တောင် မလွယ်ကူလှတဲ့ ကိစ္စ တစ်ခုပါ... ဒါပေမဲ့ အဲဒီလို ရိုးသားစွာ ချဉ်းကပ်ခြင်းကပဲ သူမရဲ့ ရင်ထဲမှာ တဖြည်းဖြည်း နေရာရလာတယ်လို့ ယူဆမိပါတယ်...

ပူကျူးလေး ပြောတဲ့ စကားအရ ပြောရရင်

“လက်ကလေးဝင်လာလိုက်၊ ခေါင်းကလေး တိုးဝင်လိုက်နဲ့ တဖြည်းဖြည်း ရင်ထဲမှာ နေရာ အပြည့်ယူသွားတာ” ပါတဲ့... 😇

မှတ်မှတ်ရရ ပူကျူးလေးရဲ့ ရင်ကို ထိမှန်စေတဲ့ အချက်လေးတွေက

Future plan ကို ကျွန်တော် ဆုံလည် ကုလားထိုင်မှာ ထိုင်ခုံလေး လှုပ်ရင်း ပြောတဲ့အချိန် (စကားအတည်ကြီးတွေ ပြောလို့တဲ့ ခင်ဗျ... 😄) (၂၇.၂.၁၈)
သီချင်းဆိုနေတုန်း ဖေကြီး ဝင်လာပြီး စနောက်လို့ အားပါးတရ ရယ်နေတဲ့ အချိန် (အဲလိုရယ်တာမျိုး တွေ့ရခဲလို့တဲ့...😊)
နောက်တစ်ခုက စကားပြော သိမ်မွေ့ညင်သာလို့ပါတဲ့... (အယ်လယ်...😇)
ဒါတွေကတော့ သိသိသာသာ သူမရင်ထဲ တိုးဝင်ခဲ့တဲ့ အချက်လေးတွေပါ... တခြား အချက်ငယ်ငယ်လေးတွေလည်း အများကြီး ရှိဦးမယ်လို့ ထင်ပါတယ်... (ဟုတ်တယ်နော်... ကလေးလေး? 😇)

Negative Power နဲ့ ဆန့်ကျင်၍ ချစ်သော ချစ်ခြင်းများ

ကျွန်တော်နဲ့ ပူကျူးလေးတို့ရဲ့ ချစ်ခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ထပ်တူညီကြပါတယ်... အပြန်အလှန်၊ နားလည်မှု၊ ဂရုစိုက်မှုတွေနဲ့ပေါ့...

အဲဒီလို ချစ်မြတ်နိုးမှုဟာ တော်ရုံမဟုတ်ပါဘူး... လူတိုင်းဟာ ကိုယ့်ကြိုက်တဲ့ အချက်တွေ ရှိတဲ့သူတစ်ယောက်ကို ချစ်ဖို့ လွယ်ကူပေမဲ့ ကိုယ်မကြိုက်တာတွေကို ဆန့်ကျင်ပြီး ချစ်ဖို့ဆိုရင်တော့ ချစ်တဲ့အချစ်က နက်ရှိုင်းဖို့ လိုအပ်ပါတယ်...

ပူကျူးလေး ကျွန်တော့်အပေါ် ချစ်တဲ့ အချစ်ဟာ အဲလိုအချစ်မျိုးပါ... ပူကျူးလေးနဲ့ စစချင်း စကားစပြောစဉ်က သူမ မကြိုက်တဲ့ အချက်လေးတွေ ကျွနေ်တာ့မှာ အတော်များများရှိကြောင်း ပြောခဲ့ဖူးပါတယ်... ဥပမာ- အရပ်မမြင့်တာ၊ စကားပြောရင် (အငယ်ဆိုတော့) နည်းနည်း ချွဲသလို ပြောတတ်တာ... စသဖြင့်ပေါ့...

ဒါပေမဲ့ ဒီလို Negative Power တွေကို ဆန့်ကျင်ပြီး ပူကျူးလေး ကျွန်တော့အပေါ် နက်နက်ရှိုင်းရှိုင်း ပြန်ချစ်ခဲ့ပါတယ်... အဲဒီ အချစ်တွေကို မမြင်ရ၊ မတွေ့ရပေမဲ့ နှလုံးသားနဲ့ သေချာ ခံစားလို့ရပါတယ်... 😇

အခုလို ပြန်ချစ်ပေးခဲ့တဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် ကလေးလေးရယ်... Love you more and more! ❤️😘