ဒါဟာ လွယ်ကူတဲ့ ကိစ္စ မဟုတ်တာတော့ အသေအချာပါပဲ... အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့... ကျွန်တော်ဟာ တချို့ တချို့သော ယောကျာ်းလေးတွေလို စကားပြောကြွယ်ပြီး ကောင်မလေးတွေကို ဖမ်းစားနိုင်စွမ်း မရှိပါဘူး... ကျွန်တော်စကားပြောရင် ဟန်ဆောင်မှု မပါဘဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ပါတယ်... စိတ်ထဲမှာလဲ ဘယ်အရာမှ မျိုသိပ်မထားတတ်ပါဘူး...
ဒီလို လူတစ်ယောက်က ပုရိသတွေ ဝိုင်းဝိုင်းလည်နေတဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူကလေးနားကို ကပ်ဖို့၊ ဒီထက်ပိုပြီး သူမရဲ့ ရင်ထဲမှာ နေရာယူဖို့ဆိုတာ စိတ်ကူးကြည့်ရင်တောင် မလွယ်ကူလှတဲ့ ကိစ္စ တစ်ခုပါ... ဒါပေမဲ့ အဲဒီလို ရိုးသားစွာ ချဉ်းကပ်ခြင်းကပဲ သူမရဲ့ ရင်ထဲမှာ တဖြည်းဖြည်း နေရာရလာတယ်လို့ ယူဆမိပါတယ်...
ပူကျူးလေး ပြောတဲ့ စကားအရ ပြောရရင်
“လက်ကလေးဝင်လာလိုက်၊ ခေါင်းကလေး တိုးဝင်လိုက်နဲ့ တဖြည်းဖြည်း ရင်ထဲမှာ နေရာ အပြည့်ယူသွားတာ” ပါတဲ့... 😇
မှတ်မှတ်ရရ ပူကျူးလေးရဲ့ ရင်ကို ထိမှန်စေတဲ့ အချက်လေးတွေက
Future plan ကို ကျွန်တော် ဆုံလည် ကုလားထိုင်မှာ ထိုင်ခုံလေး လှုပ်ရင်း ပြောတဲ့အချိန် (စကားအတည်ကြီးတွေ ပြောလို့တဲ့ ခင်ဗျ... 😄) (၂၇.၂.၁၈)
သီချင်းဆိုနေတုန်း ဖေကြီး ဝင်လာပြီး စနောက်လို့ အားပါးတရ ရယ်နေတဲ့ အချိန် (အဲလိုရယ်တာမျိုး တွေ့ရခဲလို့တဲ့...😊)
နောက်တစ်ခုက စကားပြော သိမ်မွေ့ညင်သာလို့ပါတဲ့... (အယ်လယ်...😇)
ဒါတွေကတော့ သိသိသာသာ သူမရင်ထဲ တိုးဝင်ခဲ့တဲ့ အချက်လေးတွေပါ... တခြား အချက်ငယ်ငယ်လေးတွေလည်း အများကြီး ရှိဦးမယ်လို့ ထင်ပါတယ်... (ဟုတ်တယ်နော်... ကလေးလေး? 😇)

No comments:
Post a Comment