၉ ဂဏန်းနဲ့ အကျိုးပေးတဲ့ ကျွန်တော်တို့ ၂ ယောက်အတွက် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြတဲ့ ရက်စွဲလေးဟာ ၂၇ ရက်နေ့ဆိုတဲ့ ပေါင်းခြင်း ၉ ရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့သလို၊ နှစ်ယောက် အတူခရီးသွားတဲ့ ပထမဆုံးစီးတဲ့ အဝေးပြေးကားနံပတ်ကလည်း ၁၈၀၉ ဆိုပြီး ပေါင်းခြင်း ၉ ပဲဖြစ်နေခဲ့တာက ထူးခြားမှု တစ်ခုဖြစ်ပါတယ်...
ပူကျူးလေးနဲ့ ၂ ယောက်တူတူထိုင်ပြီး ခရီးသွားချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒ (မိဘတွေနဲ့ အနည်းငယ် ကတောက်ကဆ ဖြစ်ခဲ့ကြရပေမယ့်) အဆင်ပြေပြေ ပြီးမြောက်ခဲ့တယ်လို့ပဲ ပြောရမှာပါ... ဒီခရီးစဉ်မှာ ပူကျူးလေးနဲ့ ကျွန်တော် စိတ်ချင်း ပိုနီးခဲ့သလို၊ ပူကျူးလေးနဲ့ မိဘနဲ့ ဆက်ဆံရေး အထူးသဖြင့် ပူကျူးလေးရဲ့ မေကြီးနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ခဲ့တာလေးက တကယ့်အမြတ်ပါ...
အတူတွေ့ရတဲ့ အချိန်လေး နည်းပါတယ်... ပြန်ခွဲခွာရတဲ့အခါ နာကျင်ဝမ်းနည်းရပါတယ်... ၂ ယောက်လုံး မျက်ရည်မဆည်နိုင်ခဲ့ကြပါဘူး... ဒါပေမဲ့ အမြဲ နီးစပ်နိုင်ဖို့ တခဏတာ ခွဲခွာနေရတယ်လို့ပဲ ၂ ယောက်သား နှလုံးသွင်းရင်း... အတူတူနေကြရမယ့် နေ့ရက်တွေကို မျှော်လင့်နေကြမယ်နော်...
၃၀.၅.၁၈

No comments:
Post a Comment