မိုးခြိမ်းသံ ကြားရင် ပူကျူးလေးက အရမ်းကြောက်တတ်ပါတယ်... အဲဒီအချိန်ဆိုရင် သူ့ကို ဘာမေးမေး မလိမ်ရဲပါဘူး... 😂 အဲဒါကြောင့် မိုးခြိမ်းတဲ့အချိန် ရောက်ရင် ကျွန်တော် မေးခွန်းလေးတွေ မေးတတ်ပါတယ်...
၂၇.၄.၁၈… အဲဒီနေ့က မိုးတွေ သည်းသည်းမည်းမည်း ရွာပြီး လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းနဲ့ ပေါ့... ထုံးစံအတိုင်း ကျွန်တော် ပူကျူးလေးကို မေးခွန်းလေး တစ်ခု မေးလိုက်ပါတယ်...
“ပူကျူးလေး... ကိုကို့ကို ဘယ်လောက် ချစ်မှာလဲ?”
အဲဒီအခါ သူကလေးက ထီမထင်တဲ့ ပုံစံလေးနဲ့
“အဲဒါလား... အင်း... ချစ်နိုင်သလောက်တော့ ချစ်ရမှာပေါ့...😏” တဲ့လေ...
တိုက်တိုက်ဆိုင်ဆိုင်ပဲ … အဲဒီလိုလေး ပြောအပြီးမှာ ⚡️ဂျိန်းးးး!!! ⚡️ဆိုတဲ့ အသံကြီးနဲ့ မိုးခြိမ်းသံ အကျယ်ကြီး ထွက်ပေါ်လာပါတယ်... ဒီအသံကို ကြားကြားချင်းပဲ ပူကျူးလေး ထအော်ပါတော့တယ်...
“အရမ်းချစ်တယ်... အရမ်းချစ်ပါတယ်လို့... အရမ်းချစ်တယ်လို့...” တဲ့ခင်ဗျ 😇…
ကျွန်တော်က “အယ်… အကျယ်ကြီး အော်ပြောတယ်???” လို့ပြောတော့...
“ပူကျူးလေးပြောတာ မကြားမှာစိုးလို့ အော်ပြောတာ...” တဲ့ 😂
ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေး... 😘
ဒီ အဖြစ်အပျက်လေးက မှတ်မှတ်ရရ ရင်ခုန် ပျော်ရွှင်ခဲ့ရတဲ့ နေ့လေး တစ်နေ့ပေါ့...

No comments:
Post a Comment