Thursday, 28 June 2018

သရဏဂုံ ၃၀

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၆ ရက်လောက်က ပူကျူးလေးက

"ကိုကို... သရဏဂုံ ၃၀ ဆိုရအောင်... ပူကျူး တိုင်ပေးမယ်.." ဆိုပြီး တူတူ စပြီး ရွတ်ဖတ်ခဲ့ကြပါတယ်...

ကျွန်တော်တို့ ၂ ယောက် အပြန်အလှန် မြတ်နိုးကြပြီးတဲ့နောက် "၉ နဝင်း" ပုတီးကို တူတူစပြီး စိပ်ခဲ့ကြတာပါ... 😇

အခု နောက်ထပ် တူတူ ပြုလုပ်တဲ့ ကုသိုလ်အဖြစ် သရဏဂုံ ၃၀ ကို ရွတ်ဖြစ်တဲ့အတွက် ရင်ထဲမှာ ကြည်နူးမိပါတယ်... 😇အခုလို တူတူ ပြုရတဲ့ ကုသိုလ်တွေကြောင့် နောက်ဘဝ၊ ဘဝတွေမှာလည်း ကလေးလေးနဲ့ တူတူ ဆုံရပါစေ... တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မေတ္တာ မျှကြရပါစေ ကလေးလေးရယ်...

ကလေးလေးကို အရမ်းချစ်တယ်... 😘

Saturday, 23 June 2018

သူ...

👨သူက ကျွန်မရဲ့ မနက်ခင်း 🌄
👨သူက ကျွန်မရဲ့ နေ့လည်ခင်း ☀️
👨သူက ကျွန်မရဲ့ ညနေခင်း🌄
👨သူက ကျွန်မရဲ့ နိုးထလာခြင်း နဲ့ အိပ်စက်ခြင်း🛏
👨သူက ကျွန်မရဲ့ အလင်းရောင်🌟
👨သူက ကျွန်မရဲ့ Oxygen🌳
👨သူက ကျွန်မရဲ့ တေးသွား🎶
👨သူက ကျွန်မရဲ့ အချိန်🕰
👨သူက ကျွန်မရဲ့ လှုပ်ရှားမှု🛵
👨သူက ကျွန်မရဲ့ ခံစားချက် 🤡
👨သူက ကျွန်မရဲ့ မှန်တစ်ချပ်👩
👨သူက ကျွန်မရဲ့ ခွန်အား💪
👨သူက ကျွန်မရဲ့ အရာရာ💑
👨ဒီတော့ သူက...........? 

❤️ကျွန်မ ရဲ့ ဖြစ်တည်မှု ❤️

Wednesday, 20 June 2018

အိပ်ချင်ပူကျူး...

ပူကျူးလေးရဲ့ အကျင့်လေးတွေထဲမှာ အိပ်ချင်လာရင် ချက်ချင်း အိပ်ချင်မူးတူးဖြစ်သွားပြီး တစ်ခုခု လုပ်ဖို့ ပြောရခက်တာပါ... ဒါကြောင့် သူ လန်းဆန်းနေတုန်းမှာ ခြင်ထောင်ထောင်ဖို့၊ ပုတီးစိပ်ဖို့ အဝေးကနေ ကျွန်တော်က လှမ်းပြောရပါတယ်... 🗣

ညတိုင်း ကျွန်တော် ချော့သိပ်ရတယ်ဆိုပေမဲ့ ပူကျူးလေးကို ပုံပြင်ပြောတာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုပြတာပဲ ဖြစ်ဖြစ် ခဏပါပဲ... သူမ အိပ်ချင်နေရင် ခနလေးအတွင်း အိပ်ပျော်သွားစမြဲပါ... ဒီနေ့တော့ ည အစောပိုင်းမှာ စာသင်ဖို့ Presentation တွေ ပြင်နေတဲ့အတွက် ပုတီးစိပ်တာ နောက်ကျပါတယ်... စိပ်ရမယ့် ပုတီးပတ်ကလည်း သတ္တာဒေဝ မနုဿာနံ ဆိုတော့ ၇ ပတ်တောင် စိပ်ရမှာပါ... စိပ်ရင်း ပူကျူးလေး အိပ်ချင်လာပါရော... မကြာပါဘူး... ပုတီးလေး လက်မှာ ကိုင်ပြီး အိပ်ပျော်သွားပါတယ်... 💤😴

ဒီဖက်ကနေ ကျွန်တော် လှမ်းမေးရတာပေါ့...

"ကလေးလေး... ဘယ်နှပတ် ပြီးပြီလဲ?"

"ဟင်... ဘာလဲ??"

"သြော်... ပုတီး ဘယ်နှပတ် စိပ်ပြီးပြီလဲလို့ မေးတာလေ... "

"အင်း... ၄ ပတ်"

ပြောပြီး ဟိုဖက် လှည့်သွားပါတယ်... လက်ကလေး လှုပ်တာ ခန မြင်ရပြီးနောက် ပြန်အိပ်ပျော်သွားပြန်ပါရော...

"ပူကျူးလေးရေ... ထထ... ပြီးအောင် စိပ်လိုက်ပါကွယ်... နော်..."

"ဟင်... ဘာလဲ... ကိုကို ဘယ်လိုဖြစ်နေလဲ... စိပ်နေတယ်လေ..." တဲ့

စိပ်နေတယ်သာ ပြောတာပါ... လက်ကလည်း ငြိမ်လို့... လူကလည်း အိပ်လို့ပေါ့... ဒီဖက်ကနေ အသံစုံ ပေးပြီး နှိုးရပြန်ပါတယ်... အဲဒီတော့ နိုးလာတယ်... ပြီးတော့ စိပ်နေတဲ့ လက်ထဲကပုတီးကိုကြည့်ပြီး ဘာပြောတယ် မှတ်သလဲခင်ဗျာ့...

"စိပ်နေတယ်လေ ကိုကိုရယ်... ဒီပုတီးကလည်း ဘယ်လိုဖြစ်နေတယ်မသိဘူး... ပြည့်မပြည့်နိုင်ဘူး..." တဲ့ 😂🤣😂

ကျွန်တော့မှာ ရယ်လိုက်ရတာ ဆိုတာ... 😂

Wednesday, 13 June 2018

ထူးခြားချက်လေး...

Baby လေးရဲ့ ထူးခြားတဲ့ အချက်ကတော့ အိပ်ချင်နေရင် ဖြစ်ဖြစ်၊ အိပ်ပျော်နေရင် ဖြစ်ဖြစ် သူ့စိတ်ထဲမှာ ရှိတဲ့ စကားလေးတွေ ပြောတတ်တာပါ... 💬✔

ဟိုအရင် အဖြေမရခင်ကဆို ကျွန်တော် ညဖက် ချော့သိပ်လို့ အိပ်ပျော်သွားတဲ့အခါ 😴 ကျွန်တော်က ဖုန်းချလိုက်ချိန် လန့်နိုးသွားရင်
"ကို... ဘယ်ရောက်သွားတာလဲ... ကို... ဘယ်မှ မသွားနဲ့နော်... ပူကျူးလေးအနားမှာပဲ နေနော်..."
ဆိုပြီး ချွဲတတ်တာပါ... 😊နိုးနေရင် အဲလို စကားသံလေး မကြားရပါဘူး... 😅

ညဖက် ချော့သိပ်လို့ ပူကျူးလေး အိပ်ပျော်သွားတိုင်း...

"ပူကျူးလေးကို အရမ်းချစ်တယ်..."

ဆိုတာ ကျွန်တော် ပြောနေကျ စကားပါ... အဲဒီ စကားလေး ပြောပြီးမှ ဖုန်းချတာ အမြဲပါပဲ... တခါတရံ အဲဒီစကားလေးကို ကြားတဲ့အခါ အိပ်ပျော်နေရင်းကနေ ပြုံးနေတတ်ပြီး တခါတလေကျပြန်တော့
"ပူကျူးလေးလည်း ကိုကို့ကို အရမ်းချစ်တယ်..."
လို့ ပြန်ပြောတတ်ပါသေးတယ်...

ဒီနေ့ ပူကျူးလေး ပြုံးပြီး
"ကိုကို့ကို ချစ်တယ်"
လို့ ပြန်ပြောလိုက်တာလေးကို Live photo လေး ရလိုက်တယ်... အရမ်း ကျေနပ်မိတယ်... 😇

Love you so much baby lay 😘

Saturday, 9 June 2018

ချစ်သူသက်တမ်း ၂ လပြည့်...

9.4.18 မနက်ခင်း လေးမှာ ချစ်သူ တွေ စဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့ ၂ ယောက်အတွက် ဒီနေ့ 9.6.18 ရက်နေ့ဟာ ချစ်သူသက်တမ်း ၂ လပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်...

၂ လဆိုတာ အချိန်အရ သာ တိုင်းတာခြင်းဖြစ်ပြီး တကယ်တမ်း ကျွန်တော်နဲ့ ပူကျူးလေးရဲ့ တစ်ယောက်အပေါ် တစ်ယောက် ရင်းနီးမှု၊ နားလည်မှု၊ အပြန်အလှန် သံယောဇဉ်တွေဟာ ၂ လလို့ မထင်ရဘဲ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ထူးထူးခြားခြား ခံစားမိပါတယ်... 😊

ပူကျူးလေးရေ... ၂ လပြည့်တဲ့ ဒီနေ့လေးမှသည် နောင် နှစ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပူကျူးလေးနဲ့ တူတူ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းချင်တယ်ကွယ်... တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေနဲ့ တူတူရှေ့ဆက် လျှောက်လှမ်းကြမယ်နော်... တွဲထားတဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ကြေး... 😇

Love you so much baby lay! 😘

Wednesday, 6 June 2018

ကိုကို့ရဲ့ အိပ်ယာဝင် တေး

5.6.2018

အိပ်ပုပ်လေး ကျွန်မအတွက် ညည ဆိုရင် ကိုကို့ထက်အရင်အိပ်ပျော်သွားစမြဲပါဘဲ😴😴😴 အရင်အိပ်ရတဲ့ အကြောင်းကလည်း ကျွန်မအတွက် ခိုင်ခိုင်လုံလုံကြီးရှိနေတာကိုးးးးး😝😜🤪

" ကိုကို ပူကျူးလေးကို ချော့သိပ်ပါ" ဆိုပြီး မအိပ်ခင် ကိုကို့ကို ချွဲပြီး ချော့သိပ်ခိုင်းရတာလေးကို ကျွန်မ အရမ်းသဘောကျတယ်လေ😇❤️😍

အနားမှာသာရှိနေရင်တော့ ကိုကို့ ရင်ခွင်ထဲ ခေါင်းလေးတိုးပြီးကို ချွဲမိမှာ 😔😔😔

ကိုကိုခမျာ ပုံပြင်ပြောတဲ့ည ပြော... သီချင်းဆိုပြတဲ့ည ဆိုပြရ နဲ့ သူ့ရဲ့ အချွဲတုန်းလေးကို ချော့သိပ် ရရှာတယ် 😘😘😘

များသောအားဖြင့်ကျွန်မ အိပ်မယ်ပြောပြီးတာနဲ့ မိနစ်ပိုင်းလေး အတွင်းအိပ်အိပ်ပျော်သွားတတ်ပါတယ်... ကိုကိုက ဘာပုံပြင်ပြောတယ် ဘာသီချင်းဆိုတာဆိုတာကို အာရုံ မရတတ်ပါဘူး.. သတိမထားမိပါဘူး... ချွဲချင်တာလေးကြောင့်သာ ပြောခိုင်းမိတာ... တစ်ကယ်က ကျွန်မ ပင်ပန်းပြီးအိပ်ချင်နေရင် ဘာမှကို မသိဘဲ အိပ်ပျော်သွားတတ်တာပါ...😬😴😜

ဒီနေ့မနက်ကျွန်မ နိုးလာတဲ့ အချိန်မှာ ကျွန်မ ရဲ့ အာရုံထဲမှာရော နားထဲမှာရော ဝိုးတိုးဝါးတားလေး...

"အိပ်တော့ ကလေးရယ် ကလေးငယ်ငယ် အိပ်တော့ကွယ်...."  ဆိုတာလေး ကြားယောင်နေမိတယ်😇😇😇 နိုးတစ်ဝက်အိပ်တစ်ဝက် အိပ်ချင်မူးတူးကျွန်မ မျက်စိကို ပြန်မှိတ်ပြီး ပြုံးလိုက်မိတယ်... အဲ့ဒါ ညက ကိုကို ကျွန်မကို ချော့သိပ်တဲ့ တေး လေး... ❤️❤️❤️

မှတ်မှတ်ရရ ညက ကျွန်မ ကိုကို ဆိုသိပ်တဲ့ အိပ်ယာဝင်တေးလေး နားထောင်ပြီး အိပ်သွားတာပါ... 😘😘😘

ကိုကို ရယ် ပူကျူးလေး ကိုကို့ အပေါ် ပိုပို ချစ်မိနေပါပြီ❤️
ကိုကို့ရဲ့ မေတ္တာတွေကိုလည်း ပိုပို ခံစားမိနေပါပြီ❤️

💗သိပ်ချစ်တယ်💗

Tuesday, 5 June 2018

အလွမ်း...

ချစ်မြတ်နိုးခြင်းတဲ့...
အရမ်း အဓိပ္ပါယ် ပြည့်ဝတဲ့ စကားလေးတစ်ခွန်း...

ဒီစကားလေးရဲ့ နောက်မှာ...
အတ္တတွေ၊ မောဟတွေ...
ပျော်ရွှင်ခြင်း၊ ရယ်မောခြင်းတွေ...
လွမ်းဆွတ် တမ်းတခြင်းတွေ...
များစွာသော အရာတွေ တန်းစီလို့ပေါ့...

အဲဒီအထဲမှာ
လွမ်းဆွတ်ခြင်းဆိုတဲ့ အရာတစ်ခု
ကျွန်တော့်ကို ဒီရက်ပိုင်း
ပြင်းပြင်းထန်ထန် နှိပ်စက်လို့နေရဲ့ ...
သူ့ ရဲ့နောက်မှာ လိုအပ်ခြင်းဆိုတာလေးက
ကပ်လို့ လိုက်ပါနေသေးတယ်...

ကလေးလေးရေ...
ကလေးလေးအပေါ်
ကြီးစွာသော ချစ်မြတ်နိုးခြင်းတွေနဲ့...
ပုံအောထားတဲ့ ကိုကိုတစ်ယောက်...

ကလေးလေးကို...
လိုအပ်ခြင်း၊ လွမ်းဆွတ်ခြင်းတွေနဲ့...
အရာရာကို စိတ်တိုင်းမကျ
နေလို့ မကောင်း ဖြစ်နေတယ်ကွယ်... 😔

နောက်ထပ် တွေ့ရဖို့ အရေး
အမြန်ဆုံး အဆင်ပြေပါစေလို့သာ
ကိုကို ဆုတောင်းရင်း... 🙏

Saturday, 2 June 2018

ထူးခြားလွန်းတဲ့ သူမနဲ့ ကျွန်တော့်ရဲ့ ဆက်သွယ်မှု

ဒါကတော့ တကယ့်ကို ထူးထူးခြားခြားပါ... April ၃ ရက်နေ့ကပေါ့... အဲဒီနေ့က ဗိုလ်တစ်ထောင်နားက ဆေးခန်း တစ်ခုကို သွားကြည့်ဖို့ ကျွန်တော်ထွက်လာခဲ့ပါတယ်... သွားနေရင်း မိုးတွေ သည်းသည်းမည်းမည်း ရွာချပါတယ်... နတ်မောက်လမ်း အရောက် ကားလမ်း ဆိုးဆိုးဝါးဝါး ပိတ်နေချိန်မှာ ရုတ်တရက် လေပြင်းတိုက်လာပါတယ်... အဲဒီအချိန်မှာ ပူကျူးလေးဆီက ထူးထူးခြားခြား သတိပေးစာလေး ရောက်လာပါတယ်... သူမရဲ့ သတိပေးစာကြောင့် ကျွန်တော် မိုးစရွာချိန် လေပြင်းပါတိုက်ရင် သစ်ကိုင်းတွေ ကျိုးကျတတ်တာကို ပိုသတိထားပြီး ကားပိတ်နေချိန်မှာ ရှေ့ကကား ရွေ့တာတောင် ဘေးမှာ သစ်ပင်ရှိနေလို့ လိုက်မကပ်ဘဲ သစ်ပင်လွတ်တဲ့ လက်ရှိနေရာမှာပဲ ရပ်ထားမိပါတယ်... 

တိုက်ဆိုင်လွန်းစွာပဲ ကျွန်တော့ကားနဲ့ ရှေ့ကကားရဲ့ ကြားထဲနေရာကို သစ်ပင် ကျိုးကျပါတယ်... ကျွန်တော်သာ ရှေ့ကကားနဲ့ ပုံမှန်အတိုင်း လိုက်ကပ်မိရင် သေချာပေါက် အပင်အောက်ကို ရောက်မှာပါ... နောက်ပြီး ထူးခြားလွန်းတာက အောက်က ဓါတ်ပုံမှာပါတဲ့ အတိုင်း သူမဆီက သတိပေးတဲ့အချိန်နဲ့ အပင် ကျိုးကျတဲ့အချိန် ၁ မိနစ် လောက်ပဲကွာတာပါ... (အပင်စလဲလဲချင်း ပြာယာခတ်ပြီး စိတ်တွေ လှုပ်ရှားနေတာမို့ ဓါတ်ပုံရိုက်ချိန်ဟာ အပင်တကယ် လဲကျချိန်နဲ့ ၁ မိနစ်လောက် ကွာပါတယ်)... တကယ့်ကို ထူးထူးခြားခြား ဖြစ်စဉ်ပါပဲ... 

အမှန်တကယ် ချစ်မြတ်နိုးကြတဲ့ ချစ်သူတွေမှာသာ ရှိတတ်ကြတဲ့ ဆက်နွယ်မှုလေးမလို့ အဲလို ဆက်နွယ်မှုလေးကို ကျွန်တော် အံ့သြမိသလို၊ ကြည်နူးမှုလေးလည်း ဖြစ်မိပါတယ်... 😇