Tuesday, 5 June 2018

အလွမ်း...

ချစ်မြတ်နိုးခြင်းတဲ့...
အရမ်း အဓိပ္ပါယ် ပြည့်ဝတဲ့ စကားလေးတစ်ခွန်း...

ဒီစကားလေးရဲ့ နောက်မှာ...
အတ္တတွေ၊ မောဟတွေ...
ပျော်ရွှင်ခြင်း၊ ရယ်မောခြင်းတွေ...
လွမ်းဆွတ် တမ်းတခြင်းတွေ...
များစွာသော အရာတွေ တန်းစီလို့ပေါ့...

အဲဒီအထဲမှာ
လွမ်းဆွတ်ခြင်းဆိုတဲ့ အရာတစ်ခု
ကျွန်တော့်ကို ဒီရက်ပိုင်း
ပြင်းပြင်းထန်ထန် နှိပ်စက်လို့နေရဲ့ ...
သူ့ ရဲ့နောက်မှာ လိုအပ်ခြင်းဆိုတာလေးက
ကပ်လို့ လိုက်ပါနေသေးတယ်...

ကလေးလေးရေ...
ကလေးလေးအပေါ်
ကြီးစွာသော ချစ်မြတ်နိုးခြင်းတွေနဲ့...
ပုံအောထားတဲ့ ကိုကိုတစ်ယောက်...

ကလေးလေးကို...
လိုအပ်ခြင်း၊ လွမ်းဆွတ်ခြင်းတွေနဲ့...
အရာရာကို စိတ်တိုင်းမကျ
နေလို့ မကောင်း ဖြစ်နေတယ်ကွယ်... 😔

နောက်ထပ် တွေ့ရဖို့ အရေး
အမြန်ဆုံး အဆင်ပြေပါစေလို့သာ
ကိုကို ဆုတောင်းရင်း... 🙏

1 comment:

  1. ခံစားချက်တွေအားလုံးက အတူတူဖြစ်တည်နေတဲ့အရာကြီးဘဲမို့လို့ ကိုကိုနဲ့ထပ်တူ ကလေးလေးလဲ လွမ်းနေရတယ် ဆိုတာ သတိရနေပေးပါနော်❤️ ကိုကိုကို့ အရမ်းချစ်တယ် 😘

    ReplyDelete