Baby လေးရဲ့ ထူးခြားတဲ့ အချက်ကတော့ အိပ်ချင်နေရင် ဖြစ်ဖြစ်၊ အိပ်ပျော်နေရင် ဖြစ်ဖြစ် သူ့စိတ်ထဲမှာ ရှိတဲ့ စကားလေးတွေ ပြောတတ်တာပါ... 💬✔
ဟိုအရင် အဖြေမရခင်ကဆို ကျွန်တော် ညဖက် ချော့သိပ်လို့ အိပ်ပျော်သွားတဲ့အခါ 😴 ကျွန်တော်က ဖုန်းချလိုက်ချိန် လန့်နိုးသွားရင်
"ကို... ဘယ်ရောက်သွားတာလဲ... ကို... ဘယ်မှ မသွားနဲ့နော်... ပူကျူးလေးအနားမှာပဲ နေနော်..."
ဆိုပြီး ချွဲတတ်တာပါ... 😊နိုးနေရင် အဲလို စကားသံလေး မကြားရပါဘူး... 😅
ညဖက် ချော့သိပ်လို့ ပူကျူးလေး အိပ်ပျော်သွားတိုင်း...
"ပူကျူးလေးကို အရမ်းချစ်တယ်..."
ဆိုတာ ကျွန်တော် ပြောနေကျ စကားပါ... အဲဒီ စကားလေး ပြောပြီးမှ ဖုန်းချတာ အမြဲပါပဲ... တခါတရံ အဲဒီစကားလေးကို ကြားတဲ့အခါ အိပ်ပျော်နေရင်းကနေ ပြုံးနေတတ်ပြီး တခါတလေကျပြန်တော့
"ပူကျူးလေးလည်း ကိုကို့ကို အရမ်းချစ်တယ်..."
လို့ ပြန်ပြောတတ်ပါသေးတယ်...
ဒီနေ့ ပူကျူးလေး ပြုံးပြီး
"ကိုကို့ကို ချစ်တယ်"
လို့ ပြန်ပြောလိုက်တာလေးကို Live photo လေး ရလိုက်တယ်... အရမ်း ကျေနပ်မိတယ်... 😇
Love you so much baby lay 😘
No comments:
Post a Comment