9.4.18 မနက်ခင်း လေးမှာ ချစ်သူ တွေ စဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့ ၂ ယောက်အတွက် ဒီနေ့ 9.6.18 ရက်နေ့ဟာ ချစ်သူသက်တမ်း ၂ လပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်...
၂ လဆိုတာ အချိန်အရ သာ တိုင်းတာခြင်းဖြစ်ပြီး တကယ်တမ်း ကျွန်တော်နဲ့ ပူကျူးလေးရဲ့ တစ်ယောက်အပေါ် တစ်ယောက် ရင်းနီးမှု၊ နားလည်မှု၊ အပြန်အလှန် သံယောဇဉ်တွေဟာ ၂ လလို့ မထင်ရဘဲ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ထူးထူးခြားခြား ခံစားမိပါတယ်... 😊
ပူကျူးလေးရေ... ၂ လပြည့်တဲ့ ဒီနေ့လေးမှသည် နောင် နှစ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပူကျူးလေးနဲ့ တူတူ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းချင်တယ်ကွယ်... တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေနဲ့ တူတူရှေ့ဆက် လျှောက်လှမ်းကြမယ်နော်... တွဲထားတဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ကြေး... 😇
Love you so much baby lay! 😘
No comments:
Post a Comment