ဒါကတော့ တကယ့်ကို ထူးထူးခြားခြားပါ... April ၃ ရက်နေ့ကပေါ့... အဲဒီနေ့က ဗိုလ်တစ်ထောင်နားက ဆေးခန်း တစ်ခုကို သွားကြည့်ဖို့ ကျွန်တော်ထွက်လာခဲ့ပါတယ်... သွားနေရင်း မိုးတွေ သည်းသည်းမည်းမည်း ရွာချပါတယ်... နတ်မောက်လမ်း အရောက် ကားလမ်း ဆိုးဆိုးဝါးဝါး ပိတ်နေချိန်မှာ ရုတ်တရက် လေပြင်းတိုက်လာပါတယ်... အဲဒီအချိန်မှာ ပူကျူးလေးဆီက ထူးထူးခြားခြား သတိပေးစာလေး ရောက်လာပါတယ်... သူမရဲ့ သတိပေးစာကြောင့် ကျွန်တော် မိုးစရွာချိန် လေပြင်းပါတိုက်ရင် သစ်ကိုင်းတွေ ကျိုးကျတတ်တာကို ပိုသတိထားပြီး ကားပိတ်နေချိန်မှာ ရှေ့ကကား ရွေ့တာတောင် ဘေးမှာ သစ်ပင်ရှိနေလို့ လိုက်မကပ်ဘဲ သစ်ပင်လွတ်တဲ့ လက်ရှိနေရာမှာပဲ ရပ်ထားမိပါတယ်...
တိုက်ဆိုင်လွန်းစွာပဲ ကျွန်တော့ကားနဲ့ ရှေ့ကကားရဲ့ ကြားထဲနေရာကို သစ်ပင် ကျိုးကျပါတယ်... ကျွန်တော်သာ ရှေ့ကကားနဲ့ ပုံမှန်အတိုင်း လိုက်ကပ်မိရင် သေချာပေါက် အပင်အောက်ကို ရောက်မှာပါ... နောက်ပြီး ထူးခြားလွန်းတာက အောက်က ဓါတ်ပုံမှာပါတဲ့ အတိုင်း သူမဆီက သတိပေးတဲ့အချိန်နဲ့ အပင် ကျိုးကျတဲ့အချိန် ၁ မိနစ် လောက်ပဲကွာတာပါ... (အပင်စလဲလဲချင်း ပြာယာခတ်ပြီး စိတ်တွေ လှုပ်ရှားနေတာမို့ ဓါတ်ပုံရိုက်ချိန်ဟာ အပင်တကယ် လဲကျချိန်နဲ့ ၁ မိနစ်လောက် ကွာပါတယ်)... တကယ့်ကို ထူးထူးခြားခြား ဖြစ်စဉ်ပါပဲ...
အမှန်တကယ် ချစ်မြတ်နိုးကြတဲ့ ချစ်သူတွေမှာသာ ရှိတတ်ကြတဲ့ ဆက်နွယ်မှုလေးမလို့ အဲလို ဆက်နွယ်မှုလေးကို ကျွန်တော် အံ့သြမိသလို၊ ကြည်နူးမှုလေးလည်း ဖြစ်မိပါတယ်... 😇
No comments:
Post a Comment