5.6.2018
အိပ်ပုပ်လေး ကျွန်မအတွက် ညည ဆိုရင် ကိုကို့ထက်အရင်အိပ်ပျော်သွားစမြဲပါဘဲ😴😴😴 အရင်အိပ်ရတဲ့ အကြောင်းကလည်း ကျွန်မအတွက် ခိုင်ခိုင်လုံလုံကြီးရှိနေတာကိုးးးးး😝😜🤪
" ကိုကို ပူကျူးလေးကို ချော့သိပ်ပါ" ဆိုပြီး မအိပ်ခင် ကိုကို့ကို ချွဲပြီး ချော့သိပ်ခိုင်းရတာလေးကို ကျွန်မ အရမ်းသဘောကျတယ်လေ😇❤️😍
အနားမှာသာရှိနေရင်တော့ ကိုကို့ ရင်ခွင်ထဲ ခေါင်းလေးတိုးပြီးကို ချွဲမိမှာ 😔😔😔
ကိုကိုခမျာ ပုံပြင်ပြောတဲ့ည ပြော... သီချင်းဆိုပြတဲ့ည ဆိုပြရ နဲ့ သူ့ရဲ့ အချွဲတုန်းလေးကို ချော့သိပ် ရရှာတယ် 😘😘😘
များသောအားဖြင့်ကျွန်မ အိပ်မယ်ပြောပြီးတာနဲ့ မိနစ်ပိုင်းလေး အတွင်းအိပ်အိပ်ပျော်သွားတတ်ပါတယ်... ကိုကိုက ဘာပုံပြင်ပြောတယ် ဘာသီချင်းဆိုတာဆိုတာကို အာရုံ မရတတ်ပါဘူး.. သတိမထားမိပါဘူး... ချွဲချင်တာလေးကြောင့်သာ ပြောခိုင်းမိတာ... တစ်ကယ်က ကျွန်မ ပင်ပန်းပြီးအိပ်ချင်နေရင် ဘာမှကို မသိဘဲ အိပ်ပျော်သွားတတ်တာပါ...😬😴😜
ဒီနေ့မနက်ကျွန်မ နိုးလာတဲ့ အချိန်မှာ ကျွန်မ ရဲ့ အာရုံထဲမှာရော နားထဲမှာရော ဝိုးတိုးဝါးတားလေး...
"အိပ်တော့ ကလေးရယ် ကလေးငယ်ငယ် အိပ်တော့ကွယ်...." ဆိုတာလေး ကြားယောင်နေမိတယ်😇😇😇 နိုးတစ်ဝက်အိပ်တစ်ဝက် အိပ်ချင်မူးတူးကျွန်မ မျက်စိကို ပြန်မှိတ်ပြီး ပြုံးလိုက်မိတယ်... အဲ့ဒါ ညက ကိုကို ကျွန်မကို ချော့သိပ်တဲ့ တေး လေး... ❤️❤️❤️
မှတ်မှတ်ရရ ညက ကျွန်မ ကိုကို ဆိုသိပ်တဲ့ အိပ်ယာဝင်တေးလေး နားထောင်ပြီး အိပ်သွားတာပါ... 😘😘😘
ကိုကို ရယ် ပူကျူးလေး ကိုကို့ အပေါ် ပိုပို ချစ်မိနေပါပြီ❤️
ကိုကို့ရဲ့ မေတ္တာတွေကိုလည်း ပိုပို ခံစားမိနေပါပြီ❤️
💗သိပ်ချစ်တယ်💗
Love u so much too baby lay... 😍
ReplyDelete